ဆားတောင်မြို့မှ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က မီးရှို့၊ နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီး

ဆားတောင်မြို့မှ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က မီးရှို့၊ နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီး

ဒီဇင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း ဆားတောင်မြို့နယ်မှ ကျေးရွာများဖြစ်သည့် သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီး ကုန်းကျေးရွာများကို ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် နေအိမ်အလုံး ၉၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဆားတောင်မြို့နယ်ထဲက သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီးကုန်း အိမ်ခြေ ၉၀ ကျော် မီးလောင်ဆုံးရှုံး တယ်။ ရွာတွေကို ပြန်မကပ်နိုင်သေးဘူး။

ပျက်စီးဆုံးရှုံးများတော့ အစစအရာရာ အကူအညီတွေလိုအပ်နေ ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ဂူကြီးကုန်းကျေးရွာသို့ဝင်ရောက်ချိန်တွင် ရွာသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သိမ်ချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ ခဲ့ပြီးနောက် ညနေ ၄ နာရီတွင် ထန်းတောကုန်းကျေးရွာနှင့် ည ၇ နာရီတွင် ဂူကြီးကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဆားတောင်မြို့ အရှေ့ဘက်ရှိကျေးရွာများဖြစ်သည့် မိုးသောက်၊ လင်း ယဉ်၊ လင်းယဉ်ရွာသစ်၊ ရှမ်းကုန်း၊ ကုန်းကြီးကျေးရွာများကို စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့သည့် အတွက် နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly