ဝမ်းတွင်းမြို့နယ်တွင် ပျူသားအဖ အသတ်ခံရ၊ အလောင်းလာကောက်သည့် စစ်အုပ်စုလည်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ဝမ်းတွင်းမြို့နယ်တွင် ပျူသားအဖ အသတ်ခံရ၊ အလောင်းလာကောက်သည့် စစ်အုပ်စုလည်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၂၅ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးမှူးသားအဖကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း ဝမ်းတွင်းတော်လှန်ရေးအဖွဲ့(WTRF) က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က ဝမ်းတွင်းမြို့နယ် ညောင်တိုအုပ်စု၊ ကျေးရွာခုနစ်ရွာအုပ်ချုပ် ရေးမှူးဦးပြေအေးနှင့် ၎င်း၏သားဖြစ်သူ စိုင်းမြင့်အောင်ပြေ(ခ)ပုလုံးတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူးဦးပြေအေးနှင့် သားဖြစ်သူတို့သည် မြို့နယ်အတွင်းမှ PDF များကို ဓာတ်ပုံနှင့်တကွ လိုက်လံရှာဖွေနေပြီး ခင်ကြီး၊ ကျင်း၊ တဲစု၊ သဲတောလေး၊ သခွတ်မြင့်ကျေးရွာများတွင် PDF များ ရွာထဲ အဝင်မခံရန် အသံချဲ့စက်ဖြင့်လှည့်လည်သတိပေးကာ ဒေသခံများကိုအနိုင်ကျင့်နေ၍ ရှင်းလင်းရခြင်းဖြစ် သည်ဟု WTRF ကဆိုသည်။

ထို့ပြင် ၎င်းတို့သားအဖနှစ်ဦး၏အလောင်းကို လာကောက်သည့် စစ်ကောင်စီတပ်ကိုလည်း မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အထိအခိုက်ရှိနိုင်ကြောင်း သိရသည်။

“ဝမ်းတွင်းမြို့နယ် ရိုးစုကျေးရွာနှင့် ဖုန်းဆိုးကျေးရွာကြားတွင် ပျူသားအဖ ပြေအေးနှင့် စိုင်မြင့်အောင်ပြေ (ခ)ပုလုံး အလောင်းလာကောက်သည့် စခ၊ ရခများကို WTRF မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ငရဲသွား စာရင်း ကိုတော့ မသိရသေးပါ။ စခ၊ ရခ များ Marry Christmas ညမှာ အပျော်လွန်ပြီး သေးထွက်အောင် အပြေး ပြိုင်ခဲ့ကြသည်” ဟု WTRF က ဖော်ပြထားသည်။

ဝမ်းတွင်းမြို့နယ်အတွင်းမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန်နှင့် အုပ်ချုပ်ရေးမှူးများ ၏ အချက်အလက်များအားလုံးရရှိထားကြောင်း WTRF က သတိပေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly