အမေရိကန်ဂျော်ဂျီယာပြည်နယ်၌ အစိုးရတယ်လီဖုန်းများနှင့် ကွန်ပျူတာများတွင်TikTokကို ပိတ်ပင်

အမေရိကန်ဂျော်ဂျီယာပြည်နယ်၌ အစိုးရတယ်လီဖုန်းများနှင့် ကွန်ပျူတာများတွင်TikTokကို ပိတ်ပင်

တရုတ်ကအရေးကြီးအချက်အလက်များကိုရယူနိုင်ခြင်းကြောင့်အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရကထုတ်ပေးသောတယ်လီဖုန်းများနှင့် ကွန်ပျူတာများတွင် ဗီဒီယိုမျှဝေသည့်လူမှုမီဒီယာTikTok ကို ပိတ်ပင်တားမြစ်ရန် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးဘရန်ကမ့်က အမိန့် ထုတ်ပြန်ခဲ့သည်။

TikTokအသုံးပြုခြင်းသို့မဟုတ်ဒေါင်းလုဒ်လုပ်ခြင်းအားတားမြစ်ပိတ်ပင်ရန် အမေရိကန်ဆီးနိတ်လွှတ်တော်မှ အတည်ပြုပြီး နောက်တစ်ရက်အကြာတွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွှတ်တော်အမတ်မိုက်ဂယ်လ်လာနှင့်ရာဂျာခရစ်နာမိုသီတို့ကအောက်လွှတ်တော်တွင်ပါတီ၂ရပ်လုံးကထောက်ခံသည့် ဥပဒေများကို အဆိုတင်သွင်းခဲ့သလို ဒီဇင်ဘာ၁၃ရက်ကအမေရိကန်အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကတရုတ်လူမှုမီဒီယာTikTokကိုအမေရိကန်တွင်အသုံးပြုခြင်းကိုတားမြစ်ရန်နှစ်ပါတီစလုံးကထောက်ခံသည့်ဥပဒေကြမ်းကိုတင်သွင်းခဲ့ကြောင်းအမတ်ရုံး၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"အမေရိကန်အထက်လွှတ်တော်အမတ်မာကိုရူဘီယိုကတရုတ်လူမှုမီဒီယာTikTokကိုအမေရိကန်တွင် အသုံးပြုခြင်းကို တားမြစ်ရန် နှစ်ပါတီစလုံးကထောက်ခံသည့်ဥပဒေကြမ်းကိုတင်သွင်းခဲ့သည်" ဟုမာကိုရူဘီယိုရုံးမှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမေရိကန်လွှတ်တော်အမတ်များဖြစ်သည့်မိုက်ဂယ်လ်လာနှင့်ရာဂျာခရစ်နာမိုသီတို့ကအောက်လွှတ်တော်တွင် ပါတီ၂ရပ်လုံးကထောက်ခံသည့်ဥပဒေများကိုအဆိုတင်သွင်းခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ်မာကိုရူဘီယိုကဖက်ဒရယ်အစိုးရသည်TikTok၏ခြိမ်းခြောက်မှုမှ အမေရိကန်အသုံးပြုသူများကို ကာကွယ်ရန် အရေးယူဆောင်ရွက်မှုတစ်ခုမှမရှိသေးကြောင်းပြောကြားခဲ့သည်။

TikTokက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းကြောင်းလွှတ်တော်အမတ်များအားနိုဝင်ဘာလကFBI ဒါရိုက်တာခရစ်တိုဖာဝေရီကသတိပေးခဲ့သည်။

လွှတ်တော်အမတ်အများအပြားကအမေရိကန်တွင်TikTokကိုပိတ်ပင်မည့်ဥပဒေတစ်ရပ်ကိုလည်းနိုဝင်ဘာလကအဆိုတင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly