ကိုဗစ်-၁၉ခြေရာခံ အက်ပ်ပလီကေးရှင်းကို ခေတ္တရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရက ပြည်သူတို့၏ အချက်အလက်များကို ဆက်လက်ရယူနေ

ကိုဗစ်-၁၉ခြေရာခံ အက်ပ်ပလီကေးရှင်းကို ခေတ္တရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရက ပြည်သူတို့၏ အချက်အလက်များကို ဆက်လက်ရယူနေ

တရုတ်တစ်ဝန်းဆန္ဒပြမှုများအပြီးတွင်လူကြိုက်မများသည့်ကိုဗစ်-၁၉ခြေရာခံအက်ပ်ကို ခေတ္တရပ် ဆိုင်းထား သော်လည်း တရုတ်အစိုးရကနိုင်ငံသားများ၏လှုပ်ရှားမှုဆိုင်ရာ အချက် အလက်များကို ရယူနေဆဲဖြစ်ကြောင်း လေ့လာသုံးသပ်သူများကမကြာသေးမီကပြုလုပ်ခဲ့သောလူတွေ့မေးမြန်းခန်းများတွင်Radio Free Asia သို့ပြောကြားလိုက်သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒတစ်ခုလုံးဖြေလျော့ပေးမှုတစ်စိတ်တစ်ပိုင်းအဖြစ်နိုင်ငံသားများ၏ကိုဗစ်-၁၉ အခြေအနေနှင့်ကူးစက်မှုများသောဒေသများတွင်ဝင်ထွက်သွားလာလှုပ်ရှားမှုများကိုခြေရာခံသည့်“ကျန်းမာရေးကုဒ်”စမတ်ဖုန်းအက်ပ်အသုံးပြုမှုကိုဒီဇင်ဘာ၁၃ရက်ကခေတ္တရပ်တန့်လိုက်သည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်ကွင်းဆက်များ၏ ခုခံအားအခြေအနေနှင့်အတူ ပြည်သူအားလုံး၏ လှုပ်ရှားမှုများကိုခြေရာခံသည့်အက်ပ်သည်ဟောင်ကောင်နှင့်မကာအိုတွင်နေထိုင်သူများအပါအဝင်လူဦးရေအား လုံးအပေါ် မကြုံစဖူးသည့်အချက်အလက်ပမာဏကိုစုဆောင်းထားပြီးဖြစ်သည်။

အယ်လဂိုရီသမ်များကိုလျှို့ဝှက်စွာဖုံးကွယ်ထားသဖြင့်အချက်အလက်များကိုမည်ကဲ့သို့စုဆောင်းထားသည်သို့မ ဟုတ် အနာဂတ်တွင် မည်သို့အသုံးပြုနိုင်သည်ကို အနည်းငယ်မျှမသိရပါ။

နိုဝင်ဘာလနှောင်းပိုင်းတွင်တရုတ်တစ်ဝန်းတွင်ပိတ်ဆို့တားဆီးမှုဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် နိုင်ငံရေးတည်ငြိမ်မှုဆက်လက်ထိန်းသိမ်းရန်လက်ရှိအာဏာရကွန်မြူနစ်ပါတီကအက်ပ်ကိုခေတ္တရပ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်းဂျပန်ရှီကျူခိုတက္ကသိုလ်မှပါမောက္ခယန်ဟွေယန်းကပြောကြားခဲ့သည်။

“အစိုးရကအချက်အလက်အများအပြားသုံးစွဲပြီးလူ့အဖွဲ့အစည်းတစ်ခုလုံးကိုစီမံခန့်ခွဲစောင့်ကြည့်နေမှာပါ”ဟုယန်ကပြောကြားခဲ့သည်။

“ဆန္ဒပြမှုတွေကဒီမိုကရေစီလှုပ်ရှားမှုအတွက်အခြေခံဖြစ်မလာခဲ့ပါဘူး”

ကိုဗစ်-၁၉ဖြစ်ပွားမှုကိုကြိုတင်ကာကွယ်ရန် လူများ၏ဈေးဝယ်မှုအလေ့အထနှင့် လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အစိုးရက အချက်အလက်များအသုံးပြုနေကြောင်း ကွင်းဆက်ခြေရာခံအရာရှိဟောင်း တစ်ဦးဖြစ်သူ မားအမည်ရသူက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required