ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီကို ပြည်သူများက အလွတ်မပေးတော့ကြောင်း အမေရိကန်ကျွမ်းကျင်သူ ပြောကြား

ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီကို ပြည်သူများက အလွတ်မပေးတော့ကြောင်း အမေရိကန်ကျွမ်းကျင်သူ ပြောကြား

တရုတ်တွင်ကိုဗစ်-၁၉ကန့်သတ်ထိန်းချုပ်မှုများကို ဆန့်ကျင်သည့်နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ မကြာသေးမီက ဖြစ်ပွားပြီးနောက် အမေရိကန်အခြေစိုက်တရုတ်လေ့လာသုံးသပ်သူဂီချန်က ကိုဗစ်-၁၉ပိတ်ဆို့မှုများကို ကန့်ကွက်မှုနှင့် ဥယုံမုချီမြို့မီးလောင်မှုဖြစ်ပွားပြီးနောက် ပြင်းထန်သောဆန္ဒပြမှုကို ထည့်သွင်းစဉ်းစားလျှင်ပင် ကွန်မြူနစ်ပါတီအုပ်ချုပ်သည့်နိုင်ငံ၌ဆန္ဒပြမှုများပေါ်ပေါက်လာခြင်းသည်အံ့အားသင့်စရာဖြစ်ကြောင်းပြောကြားခဲ့သည်။

" ထိန်းချုပ် ကန့်သတ်မှုနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ လူ့အဖွဲ့အစည်းမှာ ထိပ်တန်းခေါင်းဆောင်ကို ဖြုတ်ချဖို့ကြွေးကြော်သံတွေကိုနိုင်ငံသားတွေကဘာလို့ရုတ်တရက်ကြွေးကြော်ဝံ့တာလဲ" ဟု ဝါရှင်တန်အခြေစိုက်The Diplomat မဂ္ဂဇင်းအတွက်ဆောင်းပါးတွင်ဂီချန်ကမေးခွန်းထုတ်ခဲ့သည်။

တရုတ်တစ်ဝန်းတွင်ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များကို ဒီဇင်ဘာ၇ရက်က ဖြေလျှော့ပေးခဲ့ပြီး အများပြည်သူနှင့်ဆိုင်သည့် နေရာအများစုတွင် ကိုဗစ်စမ်းသပ်မှုကိုဖျက်သိမ်းခဲ့ပြီး ကိုဗစ်ကွင်းဆက်များ ကို နေအိမ်တွင်သီးသန့်နေခွင့်ပြုခဲ့သည်။

ကိုဗစ်မူဝါဒကိုကန့်ကွက်သည့်ဆန္ဒပြပွဲများဖြစ်ပွားပြီးသီတင်းနှစ်ပတ်မပြည့်မီတွင်ယခုကိစ္စဖြစ်ပေါ်လာခြင်းဖြစ် သည်။

နိုဝင်ဘာလနောက်ဆုံးပတ်က တရုတ်၏အကြီးဆုံးမြို့နှင့် ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင်လူရာပေါင်းများစွာသည်အစိုးရ၏ တင်းကျပ်သောကိုဗစ်-၁၉ အစီအမံများကိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများကဖမ်းဆီးမခံစေရန်နှင့်အန္တရာယ်နည်းပါးစေရန်နဖူးစည်းစာတန်းအလွတ်များကိုင်ဆောင်ကာ ကွန်မြူနစ်ပါတီ ကျဆုံးပါစေနှင့် ရှီကျင့်ဖျင်နုတ်ထွက်ပေးကဲ့သို့သော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း နယူးယောက်အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က ပြောကြားလိုက်သည်။

တရုတ်တစ်ဝန်းရှိတက္ကသိုလ်ကျောင်းသားများကကျောင်းဝန်းများတွင် နိုဝင်ဘာ၂၇ရက်က စုရုံးဆန္ဒပြခဲ့ကြပြီး ထိုညတွင်ကိုဗစ်-၁၉စတင်ဖြစ်ပွားရာဝူဟန်မြို့၊ချန်ဒူး၊ပေကျင်းနှင့် အခြားမြို့ကြီးများတွင် ရာနှင့်ချီသောလူများကလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required