တိဗက်နှင့်ဝီဂါလူမျိုးများ၏ DNA စုဆောင်းမှုနှင့်ပတ်သက်သည့် ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့ရန် ကမ္ဘာတစ်ဝန်းမှအမတ်များ တောင်းဆို

တိဗက်နှင့်ဝီဂါလူမျိုးများ၏ DNA စုဆောင်းမှုနှင့်ပတ်သက်သည့် ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့ရန် ကမ္ဘာတစ်ဝန်းမှအမတ်များ တောင်းဆို

တရုတ်နိုင်ငံတခြားဒေသများ၊တိဗက်နှင့်ဝီဂါဒေသများတွင်ဇီဝဝိသေသလက္ခဏာများကိုစောင့်ကြည့်သည့် နည်းပညာကို တရုတ်အစိုးရကိုထောက်ပံ့ပေးနေသည်ကုမ္ပဏီများနှင့် စီးပွားရေးဆက်ဆံမှုများရပ်ဆိုင်းရန်နှင့် စုံစမ်းစစ်ဆေးရန်သက်ဆိုင်ရာအစိုးရများအားကမ္ဘာ့တစ်ဝန်းမှဥပဒေပြုလွှတ်တော်၁၅ခုမှအမတ်များပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကတောင်းဆိုလိုက်သည်။

“တရုတ်အစိုးရကအထူးသဖြင့်တိဗက်နဲ့ဝီဂါဒေသမှာလူနည်းစုတွေကိုစောင့်ကြည့်ဖို့အတွက်အစုလိုက်အပြုံလိုက်DNA စုဆောင်းတာတွေအတွက် စိုးရိမ်ကြောင်းဖော်ပြထားတဲ့ စာတစ်စောင်ကို တရုတ်ဆိုင်ရာပါလီမန်များ မဟာမိတ်အဖွဲ့ကရေးသားပေးပို့ခဲ့ပါတယ်”ဟုပါလီမန်နှစ်ဒါဇင်ခန့်ကပူးပေါင်းထုတ်ပြန်သည့်စာတွင်ဖော်ပြထားသည်။

တရုတ်ဆိုင်ရာပါလီမန်များမဟာမိတ်အဖွဲ့(IPAC)တွင်တရုတ်နှင့်ဆက်ဆံရေးကိုအဓိထားစောင့်ကြည့်နေသည့်ဒီမိုကရေစီနိုင်ငံများမှနိုင်ငံတကာနှင့်ပါလီမန်မဟာမိတ်အဖွဲ့ဝင်များပါဝင်သည်။

တရုတ်ဆိုင်ရာပါလီမန်များမဟာမိတ်အဖွဲ့(IPAC) မှပေးပို့သည့်စာကိုလက်မှတ်ရေးထိုးသူများတွင် ဥရောပပါလီမန် အမတ်အန်အာဖော်ကာ၊သြစတြေးလျလွှတ်တော်အမတ် ကလျာချန်ဒါ၊ကနေဒါအမတ်ဗီရာနီ၊ အိုင်းရစ်အမတ်မိုက်ကယ်မက်ဒိုဝဲလ်၊နယူးဇီလန်မှအိုကော်နာနှင့်ဗြိတိန်မှလော့ဒ်ဂျိမ်းဘတ်ဟဲတို့ပါဝင်သည်။

၂၀၁၆ခုနှစ်ဇွန်လမှစတင်၍တရုတ်အာဏာပိုင်များကတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်အစုလိုက်အပြုံလိုက်DNA စုဆောင်းမှုပြုလုပ်ခဲ့ရာကလေးငယ်များအပါအဝင်လူဦးရေ၏သုံးပုံနှစ်ပုံခန့်ရှိကြောင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့်အခြားအဖွဲ့များမှအစီရင်ခံစာများတွင်ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုများအရThermo Fisher ကဲ့သို့အမေရိကန်ကုမ္ပဏီတစ်ခုထက်မနည်းသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်DNA ပုဂ္ဂိုလ်ရေးအချက်အလက်ကိုထောက်ပံ့ပေးနေသည်ဟုIPAS က ဖော်ပြခဲ့သည်။

သက်ဆိုင်ရာအစိုးရများအားယင်းကိစ္စကိုထပ်မံစုံစမ်းရန်နှင့်BGI Group ၊Thermo Fisher တို့နှင့် စီးပွားရေးလုပ်ဆောင်မှုများကိုဆိုင်းငံ့ထားရန်ဥပဒေပြုအမတ်များကတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly