တရုတ်နှင့်ပဋိပက္ခမဖြစ်ပွားလိုကြောင်း အမေရိကန်ထိပ်တန်းအရာရှိပြောကြား

တရုတ်နှင့်ပဋိပက္ခမဖြစ်ပွားလိုကြောင်း အမေရိကန်ထိပ်တန်းအရာရှိပြောကြား

တရုတ်၏လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကိုအသိအမှတ်ပြုသော်လည်းအမေရိကန်ကတရုတ်နှင့်ပဋိပက္ခမဖြစ်ပွားချင်ကြောင်းမဟာဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာအမေရိကန်အမျိုးသားလုံခြုံရေးကောင်စီညှိနှိုင်းရေးမှူးဂျွန်ကာဘီကပြောကြားလိုက်သည်။

"ကမ္ဘာတစ်ဝန်းကလုံခြုံရေးအခြေအနေတွေကိုတရုတ်ကပြောင်းလဲပစ်လိုက်ပါပြီ။တရုတ်ကိုမဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ်အမေရိကန်ကရှုမြင်ထားပါတယ်။တရုတ်နဲ့ပြဿနာမဖြစ်ချင်ပါဘူး”ဟုဒီဇင်ဘာ၁၆ရက်ကVOA နှင့်လူတွေ့မေးမြန်းခန်းတွင်မဟာဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာအမေရိကန်အမျိုးသားလုံခြုံရေးကောင်စီညှိနှိုင်းရေးမှူးဂျွန်ကာဘီကပြောကြားခဲ့သည်။

အမေရိကန်နှင့်တရုတ်အကြားပြိုင်ဆိုင်မှုများကိုစီမံခန့်ခွဲရေးအတွက်တရုတ်ညှိနှိုင်းရေးဌာနကိုဖွင့်လှစ်လိုက်ချိန် တွင ်ဂျွန်ကာဘီက ယခုကဲ့သို့မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

"ထိုင်ဝမ်အနီးတွင်မကြာသေးမီကစစ်ရေးလေ့ကျင့်မှုများပြီးနောက်ထိုင်ဝမ်နဲ့ပတ်သက်တဲ့အခြေအနေသစ်ဖြစ်ပေါ်ရေးကြိုးပမ်းမှုတွေအပါအဝင်၂၀၂၂ခုနှစ်သတင်းအချက်အလက်ပတ်ဝန်းကျင်ကိုခြိမ်းခြောက်နေတဲ့တရုတ်ရဲ့လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေအတွက်ကျွန်တော်တို့ကအသင့်ဖြစ်နေရပါမယ်”ဟု၎င်းကထပ်မံပြောကြားခဲ့သည်။

တရုတ်ဌာနဟုပုံမှန်အားဖြင့်လူသိများသောတရုတ်ညှိနှိုင်းရေးဌာနဖွင့်လှစ်ပွဲကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်ကကမကထပြုကာဒီဇင်ဘာ၁၆ရက်ကဖွင့်လှစ်ပေးခဲ့သည်။

တရုတ်နှင့်ပြိုင်ဆိုင်ရာတွင်တာဝန်ရှိရှိလုပ်ဆောင်နိုင်ရေးနှင့်ပွင့်လင်းပြီးအားလုံးပါဝင်သည့်နိုင်ငံတကာစနစ်ဖြစ် ပေါ်ရေးရှေးရှုဆောင်ရွက်ရာတွင်အတွက် တရုတ်ဌာနက အကူအညီပေးမည်ဖြစ်သည်။

လုံခြုံရေး၊စီးပွားရေး၊နည်းပညာ၊သံတမန်ရေးနှင့်မဟာဗျူဟာမြောက်ကိစ္စရပ်များအပါအဝင်တရုတ်ဌာနကနိုင်ငံ ခြားရေးဌာနရှိတရုတ်ကျွမ်းကျင်သူများပူးပေါင်းဆောင်ရွက်ရေးကိုအားပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required