တရားမဝင်လုပ်ကိုင်နေကြောင်း သံသယရှိသည့် Tiktok ကုမ္ပဏီခွဲတစ်ခုကို ထိုင်ဝမ်အစိုးရက စုံစမ်းစစ်ဆေး

တရားမဝင်လုပ်ကိုင်နေကြောင်း သံသယရှိသည့် Tiktok ကုမ္ပဏီခွဲတစ်ခုကို ထိုင်ဝမ်အစိုးရက စုံစမ်းစစ်ဆေး

တရုတ်လူမှုမီဒီယာဖြစ်သည့်TikTok၏ ကုမ္ပဏီခွဲတစ်ခုက တရားမဝင်လာရောက် လုပ်ကိုင်နေကြောင်း သံသယရှိသဖြင့် ထိုင်ဝမ်အစိုးရကတရားစွဲဆိုထားသည်။

ပင်မကုမ္ပဏီကငြင်းဆိုနေသော်လည်းပုဂ္ဂိုလ်ရေးအချက်အလက်များကိုရယူနေခြင်းကြောင့်အမေရိကန်တွင်ဖိအားပေးခံရသည့်Tiktokကိုထိုင်ဝမ်တွင်သုံးစွဲမှုနည်းပါးသည်။

ထိုင်ဝမ်၏တရုတ်မူဝါဒချမှတ်ရေးပြည်မကြီးရေးရာကောင်စီကဒီဇင်ဘာ၉ရက်တွင်Tiktokကထိုင်ဝမ်တွင်တရား မဝင်စီးပွားရေးလုပ်ကိုင်နေကြောင်းအစိုးရအဖွဲ့၏လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကသံသယဖြစ်ဖွယ်တွေ့ရှိရသည်ဟုဒီဇင်ဘာ၁၈ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်လူမှုမီဒီယာများကိုစီးပွားရေးလုပ်ကိုင်ခွင့်မပြုဟူသောထိုင်ဝမ်အစိုးရ၏ဥပဒေများနှင့်ဆန့်ကျင်ပြီးTikTok၏မိခင်ကုမ္ပဏီဖြစ်သည့်ByteDanceကထိုင်ဝမ်တွင်ကုမ္ပဏီခွဲတစ်ခုတည်ထောင်ကာစီးပွားရေးလုပ်ကိုင်နေ ကြောင်းTaiwan's Liberty Times သတင်းစာကဖော်ပြခဲ့သည်။

ယင်းသတင်းကိုအရေးယူဆောင်ရွက်သည့်အနေဖြင့်ဥပဒေချိုးဖောက်နေကြောင်းသံသယရှိသဖြင့်ပြည်မကြီးရေး ရာကောင်စီကအစိုးရအဖွဲ့၏လုပ်ငန်းအဖွဲ့ကဥပဒေရေးရာအာဏာပိုင်များကစုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။

"မကြာသေးမီနှစ်များအတွင်းတရုတ်ကအခြားနိုင်ငံများအပေါ်ထိုးဖောက်ရန်နှင့်စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ရန်Tiktokကဲ့သို့သောလူမှုမီဒီယာများကိုအသုံးပြုခဲ့ပြီးတရုတ်အစိုးရကသုံးစွဲသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုစုဆောင်းနေသည့်အန္တရာယ်ရှိနေသည်။ဟုထုတ်ပြန်ချက်ကထပ်မံဖော်ပြခဲ့သည်။

Bytedance၏မကြာသေးမီကအစီရင်ခံစာများတွင်ထိုင်ဝမ်တွင်ကုမ္ပဏီခွဲတည်ထောင်ထားခြင်းမရှိကြောင်းဖော်ပြခဲ့သည်။

ထိုင်ဝမ်အစိုးရဌာနများတွင်Tiktokကဲ့သို့တရုတ်အက်ပလီကေးရှင်းများကိုအသုံးပြုခြင်းအားတားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly