တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် တိဗက်များအတွက် အခြေခံအခွင့်အရေးများ ရရှိရန် အလှမ်းဝေးနေ

တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် တိဗက်များအတွက် အခြေခံအခွင့်အရေးများ ရရှိရန် အလှမ်းဝေးနေ

တိဗက်တွင် လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာဖိနှိပ်မှုများ အဆုံးမသတ်နိုင်သောကြောင့် တိဗက်ပြည်သူများ၏အခြေအနေသည် တရုတ်၏အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် ဆက်လက် ဆိုးရွားနေသည်။

ထို့ပြင် ဘာသာရေးမှာ တစ်ချိန်လုံး ဖိနှိပ်ခံနေရပြီး တိဗက်ကို တရုတ်ဇာတ်လုံးလုံးသွင်းမည့် တရုတ်၏ ပိုမိုသိသာလာသော ရည်ရွယ်ချက်သည် တိဗက်ဗုဒ္ဓဘာသာနှင့်ဓလေ့ထုံးတမ်းများအပေါ် လက်ရှိ တိုက်ခိုက်မှုများတွင် ဆက်လက်ပတ်သက်နေသည်ဟု TibetPressကဖော်ပြသည်။

တင်းကျပ်သောမူဝါဒများအောက်၌ တိဗက်ဘုန်းတော်ကြီးများနှင့် သီလရှင်များသည် သင်္ကန်းချွတ်ကာ သာမန်လူများကဲ့သို့ နေရပြီး နောက်ဆုံးတွင် ဘာသာရေးကို ကျင့်သုံးလေ့လာရန် လွတ်လပ်မှုလည်း မရကြတော့ပေ။

တိဗက်လူမျိုးများသည် ယခုအခါ တိဗက်ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးမှုနှင့် ဘာသာစကားအသုံးပြုမှုအပေါ် ခွဲခြားဆက်ဆံမှုခံနေရပြီး ရေးသားမှုများတွင် ဒလိုင်းလားမားအမည်အသုံးပြုခြင်းလည်း တားမြစ်ခံထားရသည်။

တိဗက်လူမျိုးများသည် တရုတ်၏ဖိနှိပ်မှုကို ကမ္ဘာ့နိုင်ငံများ သတိထားမိစေရန် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေသည့်ဖြစ်ရပ်များ ရှိခဲ့သည်။

တရုတ်သည် ယခုအခါ ဒေသတွင်း တိုင်းရင်းသားနှင့်ယဉ်ကျေးမှုဟန်ချက်ညီမှုနှင့် ကိုင်ပိုင်လက္ခဏတစ်ခုချင်းစီကို ပျက်ပြားစေမည့် လူဦးရေစာရင်းကို ပြောင်းလဲရန် အသင့်ဖြစ်နေပြီဖြစ်သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒရာဂိုကောင်တီတွင် ဉာဏ်တော် ၉၉ ပေရှိ ဗုဒ္ဓဆင်းတုတော်နှင့် ဆုတောင်းဘီးလုံး ၄၅ ခုမှာ ယခုနှစ် ဇန်နဝါရီလက ဖျက်ဆီးခံရကြောင်း Tibet Press ကဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဒေသတွင်းမှ သတင်းမှန်သမျှကို ဖိနှပ်ရန် လုပ်ဆောင်ခဲ့ပြီး ဒေသခံဒါဇင်များစွာကို ဖမ်းဆီးကာ လုပ်သားစခန်းများသို့ ပို့ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly