သတင်းပေါက်ကြားမှုကို ခြေရာခံရန် TikTok က အက်ပ်ကိုသုံး၍ သတင်းထောက်များကို စောင့်ကြည့်ခဲ့ဟု ဝန်ခံ

သတင်းပေါက်ကြားမှုကို ခြေရာခံရန် TikTok က အက်ပ်ကိုသုံး၍ သတင်းထောက်များကို စောင့်ကြည့်ခဲ့ဟု ဝန်ခံ

ဂျာနယ်လစ်များ၏ ရင်းမြစ်များကို ခြေရာခံသည့် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် TikTok သည် သတင်းထောက်များကို တိတ်တဆိတ် စောင့်ကြည့်ရန် ၎င်းတို့အက်ပလီကေးရှင်းကို အသုံးပြုခဲ့ကြောင်း ဝန်ခံလိုက်သည်။

TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance မှ ဝန်ထမ်းများက အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး သတင်းထောက်များ၏ သွားလာလှုပ်ရှားမှုများကို ခြေရာခံရန် အက်ပ်ကို အသုံးပြုခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သော အဖွဲ့ကို ဦးဆောင်သူ ကုမ္ပဏီ၏ စာရင်းစစ်အကြီးအကဲ ခရစ်လက်ပီတက်သည် အလုပ်ထုတ်ခဲ့ခဲ့ရပြီး တရုတ်အခြေစိုက်မန်နေဂျာ ဆောင်ယီလည်း နုတ်ထွက်ခဲ့သည်။

လျှို့ဝှက်သော သတင်းအချက်အလက်များပေါက်ကြားမှုတွင်သံသရှိသော ဝန်ထမ်းများနှင့် သတင်းထောက်များ တစ်နေရာတည်းတွင် ရှိ မရှိကို သိနိုင်ရန် TikTok အက်ပလီကေးရှင်းကို အသုံးပြုသော သတင်းထောက်များ၏ IP လိပ်စာကို ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။

သတင်းထောက်များအနက် အမေရိကန်မီဒီယာ BuzzFeed မှ သတင်းထောက်ဟောင်း အမ်မလီဘိတ် ကာဝှိုက်နှင့် Financial Times မှသတင်းထောက် ခရစ္စတီးနားခရစ်ဒဲလ်တို့ကို ပစ်မှတ်ထားသည် အားထုတ်မှုမှာ မအောင်မြင်သော်လည်း အချက်အလက်များကို မရိုးသားစွာ ခြေရာခံသော အမေရိကန်နှင့် တရုတ်အခြေစိုက် ဝန်ထမ်း ၄ ဦးထက်မနည်းကို သိရှိခဲ့သည်ဟု ByteDance ကုမ္ပဏီမှ အကြံပေး အဲရစ်အန်ဒါဆင်က ပြောသည်။

အဆိုပါ ဝန်ထမ်း ၄ ဦးစလုံးကို အလုပ်ဖြုတ်ခဲ့ပြီး အက်ပ်သုံးစွဲသူများ၏အချက်အလက်များကို ကာကွယ်ရန် နောက်ထပ်အဆင့်များ လုပ်ဆောင်သွားမည်ဟု ကုမ္ပဏီအရာရှိများက ပြောသည်။

သတင်းထောက်တွေကို သူလျှိုလုပ်တာ၊ သူတို့ရဲ့အလုပ်တွေကို နှောင့်ယှက်တာ ဒါမှမဟုတ် သူတို့ရဲ့သတင်းရင်းမြစ်တွေကို ခြိမ်းခြောက်တာတွေဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါဘူး။ ကျွန်တော်တို့ တရားဝင်တုံ့ပြန်ချက်တွေ မလုပ်ခင် ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမှာပါ” ဟု Financial Times က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly