တရုတ်က အမေရိကန်၏ ကာကွယ်ရေးအက်ဥပဒေကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆို

By Economic Times
25 December 2022
တရုတ်က အမေရိကန်၏ ကာကွယ်ရေးအက်ဥပဒေကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီဇင်ဘာ ၂၃ ရက်က သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့သော အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)ကို မကျေနပ်ကြောင်းနှင့် အပြင်းအထန် ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ ထိုင်ဝမ်အတွက် လုံခြုံရေးအကူအညီနှင့် အမြန်ခြေရာခံလက်နက်များဝယ်ယူရေးတွင် ဒေါ်လာ ၁၀ ဘီလီယံအထိ ခွင့်ပြုထားသည့် စစ်အသုံးစရိတ် ဒေါ်လာ ၈၅၈ ဘီလီယံသည် ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည့် ပြဋ္ဌာန်းချက်များပါရှိသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲထားသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်းပိုင်နက်အဖြစ် ယူဆထားပြီး ၎င်းတို့ထိန်းချုပ်မှုအောက်သို့ရောက်ရေး အင်အား အသုံးမပြုဟု ငြင်းဆိုထားခြင်းမရှိပေ။ အဆိုပါဥပဒေမူကြမ်းတွင် တရုတ်ကုမ္ပဏီအုပ်စုတစ်ခုမှထုတ်သော ကွန်ပျူတာချစ်ပ်ပြားများကို သုံးသည့် ပစ္စည်းများအားဝယ်ယူခြင်းအား အမေရိကန်ကို တားမြစ်သည့်ပြင်ဆင်ချက်လည်းပါရှိသည်။

“ဒီဥပဒေကို ခွင့်ပြုလိုက်တာဟာ တရုတ်ခြိမ်းခြောက်မှုကို ပုံကြီးချဲ့ဖို့အတွက် အချက်တွေကို မျက်ကွယ်ပြုတာဖြစ်သလို တရုတ်ရဲ့ ပြည်တွင်းရေးကို အကြောင်းမဲ့သက်သက်ဝင်ရောက်စွက်ဖက်ပြီး တရုတ်ကွန်မြူနစ်ပါတီကို တိုက်ခိုက် အပုတ်ချတာပါ။ ဒါတွေဟ တရုတ်နိုင်ငံအတွက် ပြင်းထန်တဲ့ နိုင်ငံရေးရန်စမှုတွေပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required