တရုတ်၏ရန်လိုမှုများကို တန်ပြန်ရန် အိန္ဒိယနှင့် ဒေသတွင်းရှိ လုံခြုံရေးမိတ်ဖက်များအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အမေရိကန်အမတ် ပြောကြား

By ANI
25 December 2022
တရုတ်၏ရန်လိုမှုများကို တန်ပြန်ရန် အိန္ဒိယနှင့် ဒေသတွင်းရှိ လုံခြုံရေးမိတ်ဖက်များအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အမေရိကန်အမတ် ပြောကြား

အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ် တာဝန်ဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် တရုတ်၏ရန်လိုမှုများကို တန်ပြန်ရန် အိန္ဒိယနှင့် ဒေသတွင်းရှိ လုံခြုံရေးမိတ်ဖက်များအားလုံးနှင့် အမေရိကန်က ဆက်လက်ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အိန္ဒိယ- အမေရိကန်အောက်လွှတ်တော်အမတ် ရာဂျာခရစ်နာမိုသီက ပြောကြားလိုက်သည်။

“တရုတ်ကွန်မြူနစ်ပါတီရဲ့တပ်ဖွဲ့ဝင်တွေက အိန္ဒိယနယ်မြေကို ကျူးကျော်ဝင်ရောက် ရန်ပြုကြောင်း သိရှိရတဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်”ဟု ရာဂျာခရစ်နာမိုသီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတိုက်ပွဲကြောင့်အိန္ဒိယတပ်ဖွဲ့တွေကြီးကြီးမားမားအသေအပျောက်မရှိတာကို ကျေးဇူးတင်မိပေမဲ့ ဒါက တရုတ်ကွန်မြူနစ်ပါတီရဲ့ ရန် လိုအန္တရယ်ကို သတိပေးချက်ဖြစ်လို့ အမေရိကန်အနေနဲ့ တရုတ်ရန်လိုမှုကို တန်ပြန်ဖို့ အိန္ဒိယအပါအဝင် လုံခြုံရေးမိတ်ဖက်အားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၉ ရက်က အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ် တာဝန်ဒေသတွင် အိန္ဒိယနှင့်တရုတ်တပ်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်မှ တပ်ဖွဲ့ဝင်များအနည်းငယ်ဒဏ်ရာ ရရှိခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုအတွင်း တပ်ဖြန့်ထားသော အိန္ဒိယတပ်များသည် တရုတ်တပ်များကို စနစ်တကျတုံ့ပြန်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် တရုတ်စစ်သားအရေအတွက်သည် အိန္ဒိယစစ်သားအရေအတွက်ထက် ပိုများခဲ့သည်။

တာဝန်ဒေသတွင် ထိပ်တိုက်တွေ့ဆုံမှုအပြီး အိန္ဒိယနှင့် တရုတ်တပ်များ လျှင်မြန်စွာ တပ်ဆုတ်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း အမေရိကန်အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးက ပြောကြားခဲ့သည်။

အမေရိကန်သည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အငြင်းပွားနေသော နယ်နိမိတ်များကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်စလုံးအား တိုက်တွန်းထားကြောင်း အိမ်ဖြူတော် မီဒီယာအတွင်းရေးမှူး ဟွမ်ပယ်ရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly