ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦး သေဆုံး

By ANI
25 December 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီမာဝတ်ခရိုင်ရှိ ဘာဂီ ရဲစခန်းကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့၍ ရဲ ၄ ဦးထက်မနည်း သေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း The Express Tribune က ဒီဇင်ဘာ ၁၈ ရက်တွင် ဖော်ပြသည်။

ဖြစ်စဉ်တွင် ရဲများနှင့် အကြမ်းဖက်သမားများအကြား အပြန်အလှန် တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူများသည် ရဲစခန်းကို လက်ပစ်ဗုံးများ၊ ရော့ကတ်များဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ရဲများက ပြောသည်။

ထိုဖြစ်စဉ် ဖြစ်ပြီးနောက် အခင်းဖြစ်နေရာသို့ အခြားရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး ဧရိယာတစ်ဝိုက် ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ အီဘရာဟင် အပါအဝင် ရဲတပ်သားများဖြစ်သည့် အီမရန်၊ ခါအီရူရ် ရာမန်နှင့် ဆာ့ဇ် အလီတို့ သေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့်ဂူလ် ဆာဟစ် ခန်း၊ ဘယ်လ်ခီယက်ဇ်၊ အမီရာ နာဝက်ဇ် နှင့် ဖာမန် အူလာတို့ ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The Express Tribune က ဖော်ပြသည်။

ထို တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ပါကစ္စတန်သမ္မတ အာရစ်ဖ် အယ်လ်ဗီက ပြစ်တင်ရှုတ်ချခဲ့ပြီး သေဆုံးသွားသူများအတွက် ဆုတောင်းပေးခဲ့သလို ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်သက်သာစေရေး ဆုတောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required