အာဖဂန်-ပါကစ္စတန်အကြား ဆက်လက် ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မအောင်မြင်ဘဲ ဖြစ်နေ

By Daily Hunt
25 December 2022
အာဖဂန်-ပါကစ္စတန်အကြား ဆက်လက် ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မအောင်မြင်ဘဲ ဖြစ်နေ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုများက အရာမထင်ဘဲ ဖြစ်နေပြီး အဆိုပါ နှစ်နိုင်ငံ၏ နှစ်ဖက်တပ်ဖွဲ့များအကြား နယ်စပ်၌ ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည်။

ဘာလိုချီစတန်ပြည်နယ် ချာမန်းခရိုင်ရှိ နယ်စပ်တွင် တင်းမာမှုများက အရှိန်မြင့်နေခဲ့သည်။

“ဒဏ်ရာရသူတွေထဲမှာ အပြစ်မဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါနေတယ်” ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာ ဌာန (ISPR) ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။ နယ်စပ်ပဋိပက္ခများအတွင်း လူ ၁ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာခဲ့ကြောင်း ဘာလိုချီစတန်ပြည်နယ်၏ ပြည်ထဲရေးနှင့် မျိုးနွယ်စုရေးရာ တွဲဖက် အတွင်းရေးမှူးချုပ် ဇာဟစ် ဆယ်လင်းမ်က Dawn သတင်းစာကို ပြောသည်။

ဒဏ်ရာရသူများအနက် ၅ ဦးသည် အခြေအနေ စိုးရိမ်ရပြီး အထူးကြပ်မတ်ကုသမှု ခံယူရန် လိုအပ်သူများကို ကွက်တာမြို့ ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း ဆယ်လင်းမ်က ပြောသည်။

ကွက်တာနှင့် ချာမန်းတို့ရှိ အစိုးရဆေးရုံများတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

နယ်စပ်ပဋိပက္ခတွင် ပါကစ္စတန်တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ်ဖက်အကြား ညှိနှိုင်း ဆွေးနွေးမှုများမှတဆင့် ဖြေရှင်းချက်နည်းလမ်း ရှာရန် တောင်းဆိုကြောင်း တာလီဘန်တို့က တွစ်တာတွင် ရေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly