တရုတ်ပြည်သူများက ရှီကျင့်ဖျင်ရာထူးမှ ဆင်းရန်နှင့် ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအဆုံးသတ်ရန် တောင်းဆိုနေ

By ANI
25 December 2022
တရုတ်ပြည်သူများက ရှီကျင့်ဖျင်ရာထူးမှ ဆင်းရန်နှင့် ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအဆုံးသတ်ရန် တောင်းဆိုနေ
Photo: EPA

တရုတ်နိုင်ငံတွင် သမ္မတရာထူးမှ ဆင်းပေးရန် ပထမဆုံး တောင်းဆိုခံရသော သမ္မတမှာ ရှီကျင့်ဖျင် ဖြစ်ပုံရကြောင်း Inside Over သတင်းက ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းမှ ပြည်သူများက တင်းကျပ်သောကိုဗစ်စည်းမျဉ်းများကြောင့် ရှီကျင့်ဖျင်အား ရာထူးမှဆင်းပေးရန် တောင်းဆိုသော ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်သူများက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တစ်ပါတီအုပ်ချုပ်မှုစနစ်ကိုအဆုံးသတ်ရေး တောင်းဆိုခဲ့ကြသည်။ “ရှီကျင့်ဖျင်ရာထူးကဆင်း၊ ကွန်မြူနစ်ပါတီ အာဏာစွန့်လွှတ်၊ ရာသက်ပန်အုပ်ချုပ်သူတွေ

မလိုချင်ဘူး။ အာဏာရှင်တွေမလိုချင်ဘူး” ဟု ပြည်သူများက ကြွေးကြော်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် တရုတ်ပြည်သူများအပေါ် အခိုင်အမာချုပ်ကိုင်သည့် ရှီ၏ ကြိုးပမ်း အားထုတ်မှုများသည် မှားယွင်းခဲ့ဟန်ရှိသည်။ ပြည်သူများပေါက်ကွဲရခြင်း၏အဓိကရည်ရွယ်ချက်မှာ အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် မှားယွင်းစွာကိုင်တွယ်မှုကြောင့်ဖြစ်သည်။

ရှီဦးဆောင်သော အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ အကောင်အထည်ဖော်သော ဗိုင်းရပ်စ် တိုက်ဖျက်ရေးစီမံချက်များသည် ကပ်ရောဂါကိုလည်း မထိန်းချုပ်နိုင်ဘဲ လွတ်လပ်မှု၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေခဲ့ကြောင်း ပြည်သူများက ပြောသည်။

တရုတ်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများသည် ကွန်မြူနစ်ပါတီအုပ်ချုပ်သည့် နှစ်ပေါင်း ၇၀ အတွင်း မကြုံစဖူးဖြစ်ရပ်ဖြစ်သည်။

ရှီကျင့်ဖျင်အုပ်ချုပ်မှုလက်ထက်တွင် သဘောထားကွဲလွဲမှုအမျိုးမျိုးကို နှိမ်နင်းသည့်နည်းလမ်းဖြင့် ဖယ်ရှားခဲ့သည်။

တရုတ်ပြည်သူများသည် အာရုံခံကိရိယာနှင့် စောင့်ကြည့်မှုများကို ကြောက်ရွံ့သဖြင့် ရှီကျင့်ဖျင်အား လူမှုမီဒီယာပေါ်၌ပင် ပေါ်ပေါ်တင်တင် မဝေဖန်ရဲပေ။ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် CCP ထိပ်တန်းခေါင်းဆောင်များနှင့် ရှီကျင့်ဖျင်ပြိုင်ဘက်များ၏နိုင်ငံရေးအာဏာသိမ်းမှု ဖြစ်ပေါ်လာစေနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly