နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဒီဇင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဒီဇင်ဘာ ၂၀၂၂) 

ဒီဇင်ဘာလ ၂၄ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပဲခူးတိုင်း၊ တောင်ငူခရိုင် ပဲခူးရိုးမအတွင်း တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်များ (၁၅-၁၂-၂၀၂၂)နေ့ မှစ၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူး နန္ဒအောင်နှင့် အရာရှိတစ်ဦး အပါအဝင် အခြားအဆင့် (၂၀) ဦးထက်မနည်း သေဆုံး၍ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၁/၂၀၂၂)ကို ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ချမှတ်လိုက်သည့် ပထမဆုံးသော မြန်မာ့ အရေးဆုံးဖြတ်ချက်မှုကြမ်းကို စင်ကာပူနိုင်ငံအနေနဲ့ ကြိုဆိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Vivian Balakrishnan ကပြောကြားလိုက်သည်။ 

  • မြန်မာ့ဒီမိုကရေစီအရေးအကူအညီပေးမည့် အမေရိကန် ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ 

  • မြိုင်မြို့နယ် ဖောင်းကွဲရွာအရှေ့တောင်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုင်ရာ ၄ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ဆောက်အုပ်စု တောင်ရွာကို စစ်တပ်က ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၅ နှစ် အရွယ် အဘိုးတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

  • ဝက်လက်ဒေသတွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီမှ ဦးဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျောင်းသားထု အစည်းအဝေးနှင့် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းကို စစ်တပ်က ယနေ့ ဒီဇင် ဘာ လ ၂၄ ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် လျက်ရှိ ကြောင်း‌ ဒေသခံများကပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ရွာတွင် တပ်စွဲထားသေား အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ပြည်သူများ လိုက်ပါလာသည့် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်ခဲ့ သောကြောင့် ပြည် ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်း မှန်ပြန် ကြားရေး အဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ခုကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိရ သည်။ 

  • မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်မန်နေဂျာ ရုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဂွေးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။ 

  • မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဥ်မှ ဗုံးပေါက်၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း BRF အဖွဲ့ထံမှ သိရသည်။ 

  • မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသော စစ်တပ် သင်္ဘောကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် Drone ဖြင့် ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း SKY HERO - Madaya မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေမှာ အခုနှစ်အတွင်း တိုင်ကြား လာသည့် အမှုများထဲက (၁၄၀) နီးပါးကို စစ်ဆေးစီရင်နိုင်ခဲ့ပြီး မူးယစ်မှုနှင့် ကာမလိမ်လည်မှုက အ များဆုံးဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ် (ချက်ပွိုင့်ဂိတ်)တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။ 

စစ်ကောင်စီ 

  • လုပ်ငန်းရှင်တွေ နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကိုကြည့်ပြီးလုပ်ကြပါဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။ 

  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့ဖို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားထားသည်။ 

  • အမေရိကန် နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ် ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာ ဖြစ်ကြောင်းစစ်ကောင်စီမှ ထုတ်ပြန်ထားသည်။ 

  • ဘာသာရေးကို အလွဲသုံးစားလုပ်ပြီး နိုင်ငံသားအချင်းချင်း စည်းလုံးမှုပျက်အောင် လုပ်နခြင်းများ ကာကွယ် ရန်လိုအပ်ကြောင်း အာဏာလုအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။ 

  • မြန်မာပြည်အနေဖြင့် ယခုဘဏ္ဍာနှစ် ဘတ်ဂျပ်ကာလ ၇လ အတွင်းမှာ အထည်ချုပ်၊ ဖိနပ်နှင့် စက်ပစ္စည်း ကိရိယာများတင်ပို့နိုင်ခဲ့ကာ ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၄၇၂သန်းကျော်ရ ရှိခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရသည်။ 

ဒီဇင်ဘာ ၂၄ ရက် သုံးသပ်ချက် 

  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ကြောင်း စစ်ကောင်စီက တုံ့ပြန်လိုက်ခြင်းကြောင့် အကျိုးဆက်များကို စစ်ကောင်စီအနေဖြင့် မကြာမီ ခံရဖွယ်ရှိနေသည်။ 

  • မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးမည့် အမေရိကန် ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAAကို သမ္မတ ဂျိုးဘိုင်ဒင် ကလက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် ယင်းဥပဒေပါအချက်များ သက်ဝင်လာပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အကူများစွာ ရနိုင်တော့မည်ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly