လောင်းလုံးတွင် အစည်းဝေးမှပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး

လောင်းလုံးတွင် အစည်းဝေးမှပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး

မဇ္ဈိမ။ ။တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ခန့်က မြို့မရဲစခန်းအစည်းအဝေးမှပြန်လာသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့မရဲစခန်းမှ အစည်းအဝေးတက်ရောက်ပြီးပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် နေလင်းထွန်း သည် ဝေဒီရွာလမ်းပိုင်းတစ်နေရာတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

လောင်းလုံးဒေသခံတစ်ဦးက” ရဲစခန်းမှာ အစည်းအဝေးလုပ်ပြီး အိမ်ပြန်လာချိန်ပစ်ခံရတာပါ။ ခန္ဓာကိုယ် အနှံ့မှာ ကျည်ပေါက်ရာခြောက်နေရာတွေ့ရပြီး ပွဲချင်းပြီး သေဆုံးနေပါတယ်”ဟု ပြောသည်။

နေလင်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီခန့် ပျူတစ်ဦးဖြစ်ပြီး စကစတပ်သားများနှင့်အတူ အမြဲသွား လာနေ၍ ဖက်ဆစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကျေးရွာအတွင်း စာရင်းလိုက်ကောက် ပေးနေသူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသာ သိရပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required