ရေခဲများအရည်ပျော်ခြင်းကြောင့်တရုတ်တပ်ဖွဲ့များအတ္တလန္တိတ်သို့ရောက်ရှိလာနိုင်ကြောင်း ဗြိတိန်စစ်ဦးစီးအရာရှိချုပ်က သတိပေးလိုက်သည်။
ရာသီဥတုပြောင်းလဲမှုကဗြိတိန်လုံခြုံရေးအပေါ်မည်သို့အကျိုးသက်ရောက်မှုရှိမည်ကိုထည့်သွင်းစဉ်းစားရန် ရေတပ်ဗိုလ်ချုပ်ကြီးဆာတိုနီရာဒါကင်ကကြေညာချက်တွင် ပြောကြားခဲ့သည်။
"လာမည့်ဆယ်စုနှစ်များအတွင်းရေခဲတောင်များအရည်ပျော်မှုကိုလည်းထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ယင်းကြောင့်အရင်းအမြစ်များအတွက်ခက်ခဲသောပြိုင်ဆိုင်မှုအသစ်ကိုပေါ်ပေါက်စေနိုင်ပြီးအာရှနှင့်ဥရောပအကြားခရီးသွားချိန်ထက်ဝက်ခန့်လျော့ကျသွားနိုင်သဖြင့်တရုတ်စစ်တပ်ကအတ္တလန္တိတ်သမုဒ္ဒရာသို့ရောက်ရှိလာနိုင် ကြောင်း”ညီညွတ်သောတပ်ဖွဲ့များ၏ တော်ဝင်အဖွဲ့အစည်း၌ နှစ်စဉ်ပြောကြားသည့် မိန့်ခွန်းတွင်ဆာတိုနီကပြောကြားခဲသည်။
ဥရောပနှင့်အာရှအကြားသွားလာချိန်တိုတောင်းလာသည်နှင့်အမျှတရုတ်၏ အင်အားကြီးမားလာသော ရေတပ်က ယင်းခရီးလမ်းတိုမှရောက်ရှိလာမည်ကိုအနောက်နိုင်ငံများက မျှော်လင့်ထားရမည်ဖြစ်ကြောင်း ရေတပ် စစ်ဦးစီးအရာရှိချုပ်ဟောင်းဖြစ်သူ ဆာတိုနီကယခင်ကသတိပေးခဲ့သည်။
တရုတ်ကမတူညီသည့်ခြိမ်းခြောက်မှုရှိနေပြီးကုလသမဂ္ဂနှင့်ဈေးပေါသောစွမ်းအင်ကိုရယူကာရုရှားကိုထောက်ခံနေကြောင်းနှင့်တရုတ်ကနျူကလီးယားလက်နက်များကိုပိုမိုပိုင်ဆိုင်လာပြီးလက်နက်ကိုင်တပ်ဖွဲ့များမှာအင်အားပိုမို တောင့်တင်းလာနေကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဆာတိုနီရာဒါကင်က ပြောကြားခဲ့သည်။
တရုတ်ကအင်ဒို-ပစိဖိတ်ဒေသတွင် စစ်တပ်အင်အားကိုပြနေပြီး တောင်တရုတ်ပင်လယ်၏ ၈၀ရာခိုင်နှုန်းကို ပြောင်ပြောင်တင်းတင်းတောင်းဆိုမှုကာ၊ငါးဖမ်းကွက်များကိုလုယူခြင်းနှင့်အိမ်နီးချင်းနိုင်ငံများအားအစားအစာ
ပြတ်လပ်အောင် လုပ်ကိုင်နေပြီး ထိုင်ဝမ်အား ရန်စမှုများ သို့မဟုတ်ဟောင်ကောင်တွင် ဆန္ဒပြမှုများကို ဖိနှိပ်မှုများပြုလုပ်နေသည်။
ဥရောပတွင်စစ်ပွဲများအရှိန်မြှင့်လာပြီးတရုတ်၊မြောက်ကိုရီးယားနှင့်အီရန်နှင့်အနောက်နိုင်ငံများထိပ်တိုက်ရင်ဆိုင်မှုများတိုးလာနေသဖြင့်ကမ္ဘာကြီးသည်မကြုံစဖူးအန္တရာယ်များသောကာလကိုဖြတ်သန်းနေရကြောင်းလည်း၎င်းကပြောကြားခဲ့သည်။