ဖိလစ်ပိုင်သမ္မတ၏ တရုတ်ခရီးစဉ်မတိုင်မီ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်

ဖိလစ်ပိုင်သမ္မတ၏ တရုတ်ခရီးစဉ်မတိုင်မီ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ၏ဇန်နဝါရီလ၃ရက်မှ၆ရက်အထိသွားရောက်မည့်တရုတ်ခရီးစဉ် မတိုင်မီ နှစ်နိုင်ငံအကြားတင်းမာမှုများမြင့်တက်လာကြောင်းThe Star သတင်းတွင်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်တွင်ရေယာဉ်များနှင့်အပျက်အစီးများအစုလိုက်အပြုံလိုက်ရှိနေခြင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်အာဏာပိုင်များက တရုတ်ကို ရှုတ်ချလိုက်သည်။

ပြည်တွင်းရုပ်မြင်သံကြားGMA-7၏ဒီဇင်ဘာ၁၄ရက်ထုတ်လွှင့်ချက်တွင်Iroquois သန္တာကျောက်တန်းနှင့် ဆာဘီနာသောင်အနီးတွင် တရုတ်လှေအများအပြား ကျန်ရှိနေသေးကြောင်းဖော်ပြခဲ့သည်။

ဖိလစ်ပိုင်ရေတပ်နှင့်တရုတ်ကမ်းခြေစောင့်တပ်တို့အကြားထိပ်တိုက်တွေ့ဆုံမှုအပြီးရက်သတ္တပတ်အကြာတွင် တောင်တရုတ်ပင်လယ်၌ တရုတ်၏လတ်တလောကျူးကျော်မှုများကို ဖိလစ်ပိုင်အစိုးရအရာရှိများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ယင်းသည်သမ္မတမားကို့စ်၏တရုတ်ခရီးစဉ်မတိုင်မီဝေဖန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။

အရှေ့တောင်အာရှတွင်သြဇာလွှမ်းမိုးရေးအတွက်အင်အားကြီးနှစ်နိုင်ငံကြားယဉ်ပြိုင်မှုပြင်းထန်နေချိန်တွင်တရုတ်နှင့်အမေရိကန်အကြားဟန်ချက်ညီစွာ၎င်းကရပ်တည်နေကြောင်းThe Star သတင်းဌာနက ကဖော်ပြခဲ့သည်။

ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဌာန (DND) မှအကြီးတန်းလက်ထောက်အတွင်းဝန် ဟို့ဖူစတန်နိုက တရုတ်ပြည်သူ့စစ်သင်္ဘောများသည် Iroquois သန္တာကျောက်တန်းနှင့်ဆာဘီနာသောင်အနီးတဝိုက်တွင်အစုလိုက်အပြုံလိုက်တည်ရှိနေသည်ကိုလက်မခံနိုင် ကြောင်းဒီဇင်ဘာ၁၄ရက်တွင်ပြောကြားခဲ့သည်။

ယင်းဧရိယာသည်တောင်တရုတ်ပင်လယ်အရှေ့ဘက်ခြမ်းရှိအငြင်းပွားနေသောစပါတလေကျွန်းစုအတွင်းတည်ရှိပြီးဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းပိုင်းတွင်ဖြစ်သည်။

ဖိလစ်ပိုင်ကယင်းနေရာကိုအနောက်ဖိလစ်ပိုင်ပင်လယ်ဟုတရားဝင်ခေါ်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required