တရုတ်တွင် ကိုဗစ်ပျံ့နှံ့မှုကြောင့်ရှန်ဟိုင်းတွင် ကျောင်းများကို အွန်လိုင်းဖြင့်သင်ကြားမည်

တရုတ်တွင် ကိုဗစ်ပျံ့နှံ့မှုကြောင့်ရှန်ဟိုင်းတွင် ကျောင်းများကို အွန်လိုင်းဖြင့်သင်ကြားမည်

တရုတ်၏အကြီးဆုံးမြို့ဖြစ်သောရှန်ဟိုင်းတွင်ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်လာချိန်တွင်ကျောင်းအများစုကို အွန်လိုင်းဖြင့်သင်ကြားရန် အမိန့်ထုတ်ပြန်လိုက်သည်။

မူကြိုကျောင်းများနှင့်ကလေးထိန်းစင်တာများကိုလည်းဒီဇင်ဘာ၁၉ရက်မှစ၍ပိတ်လိုက်ကြောင်းရှန်ဟိုင်းပညာရေးဗျူရိုကပြောကြားခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာကိုပစ်မှတ်ထားသည့်ဆန္ဒပြမှုများကြောင့်ဒီဇင်ဘာလအစောပိုင်းတွင်တရုတ်အာဏာပိုင်များကကန့်သတ်ချက်များကိုဖြေလျှော့ပေးခဲ့သည်။

တင်းကျပ်သည့်ပိတ်ဆို့အရေးယူမှုကိုဖြေလျှော့ခြင်းကြောင့်တရုတ်တွင်ကိုဗစ်ပျံ့နှံ့မှုအပေါ်စိုးရိမ်မှုများတိုးလာခဲ့သည်။

ဧပြီလကနောက်ဆုံးကိုဗစ်လှိုင်းထက်ကူးစက်မှုအရေအတွက်ပိုများလာခဲ့သည်။

နိုင်ငံတစ်ဝန်းတွင်ယာယီကျန်းမာရေးဌာနများနှင့်အထူးကြပ်မတ်ကုသရေးဌာနများတိုးချဲ့နေခြင်းနှင့်အတူဆေးရုံ များနှင့်ဆေးဘက်ဆိုင်ရာအဆောက်အအုံများမှာအလုပ်များနေသည်။.

ရှန်ဟိုင်းတွင်ထပ်တိုးကုတင်ပေါင်း၂၃၀,ဝဝဝခန့်ရှိလာပြီဖြစ်သည်။

ဆရာမများနှင့်ဝန်ထမ်းများနေမကောင်းခြင်းကြောင့်မြို့အတွင်းရှိကျောင်းအချို့တွင်လူကိုယ်တိုင်သင်ကြားခြင်းများရပ်နားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly