အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ပန်ဂျပ်ပြည်နယ်တွင် ပါကစ္စတန်ဒရုန်းဖြင့် လာချသွားသော ဘိန်းဖြူများကို သိမ်းဆည်းရမိ

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ပန်ဂျပ်ပြည်နယ်တွင် ပါကစ္စတန်ဒရုန်းဖြင့် လာချသွားသော ဘိန်းဖြူများကို သိမ်းဆည်းရမိ

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) သည် ပန်ဂျပ်ပြည်နယ် ဖက်ဇီလ်ကာ ခရိုင်တွင် ပါကစ္စတန်ဒရုန်းတစ်စင်းက လာချသွားခဲ့သော အလေးချိန် ၂ ဒသမ ၆ ကီလိုရှိ ဘိန်းဖြူဟု သံသယရှိသည့် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းတို့တွင် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာတွင် ဘာရီကီ ကျေးရွာအနီးတွင် ဘိန်းဖြူဟု ယူဆရသည့် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း BSF ၏ ပန်ဂျပ်ပြည်နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းနဲ့ ၁၅ မနက်ပိုင်းအကြားမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဒစ်တ် ဖက်ဇီကာခရိုင်ထဲမှာ ပါကစ္စတန်ဒရုန်းတစ်စင်းက လာချသွားတဲ့ ပစ္စည်းတစ်ခုကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ဘာရီကီ ရွာအနီး အိန္ဒိယနယ်နိမိတ်ဘက်ကနေ ဘိန်းဖြူလို့ ယူဆရတဲ့ အထုပ်တစ်ထုပ်ကို တွေ့ခဲ့တာပါ” ဟု BSF ၏ ပန်ဂျပ်ပြည်နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က တွစ်တာတွင် ရေးသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု အဆိုပါ အဖွဲ့က ပြောသည်။

ထို ဧရိယာတွင် ရှာဖွေမှုများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required