ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် အသေခံတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံး

ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် အသေခံတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန် မျိုးနွယ်စုခရိုင် ဆာဂါဒန် ဧရိယာတွင် ဒီဇင်ဘာ ၁၄ ရက်က အသေခံတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး လုံခြုံရေးအမှုထမ်း ၉ ဦး အပါအဝင် အခြားလူ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းသည် ဒတ်တာ ခဲလ် အရပ်မှ မီရမ်ရှားအရပ်သို့ ဦးတည်သွားလာခဲ့စဉ် ဆိုင်ကယ်စီးလာသော အသေခံဗုံးခွဲသမားက ယာဉ်တန်းကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးအရာရှိများက ပြောသည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို မီရမ်ရှားအရပ်ရှိ ခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် ထိုဧရိယာကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့လိုက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များကို လက်တလော မသိရသေးပေ။

ထို့ပြင် စစ်တပ်၏ မီဒီယာဌာနဖြစ်သည့် မီဒီယာနှင့် အများပြည်သူ ဆက်ဆံရေးဌာန (ISPR) ကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly