ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တရုတ်နိုင်ငံ၏စီးပွားရေးကို ဖျက်ဆီးနေ

ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တရုတ်နိုင်ငံ၏စီးပွားရေးကို ဖျက်ဆီးနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တိုင်းပြည် စီးပွားရေးကျဆင်းမှုသို့ ဦးတည်နေသည့် အကြောင်းရင်းဖြစ်ကြောင်း ဆောင်းပါးရှင် ဗယ်လာရီယိုဖက်ဘရီက ဆလိုဗေးနီးယား သတင်းဝက်ဘ်ဆိုက် Portal Plus တွင် ရေးသားထားသည်။ ပေကျင်းအခြေစိုက်နိုင်ငံသားတစ်ဦးက “ကျွန်တော်တို့ဝန်းကျင်မှာ စီးပွားရေးကျဆင်းမှုကို ခံစားနေရပါတယ်။ စီးပွားရေးက အကျဘက်ကို ဦးတည်နေပါတယ်။ ဈေးဝယ်စင်တာတွေမှာလည်း လူတွေနည်းနေပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေ ပျောက်ကွယ်ကုန်တာနဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ ဈေးတက် ကုန်တာက တရားဝင်ကိန်းဂဏန်းတွေထက် ပိုကောင်းတဲ့သက်သေတွေပါ။ ကိုဗစ်ရောဂါနဲ့ အဓိပ္ပါယ်မရှိတဲ့ မူဝါဒကြောင့် အခုကပ်ဘေးဆိုက်နေပါပြီ” ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် နိုဝင်ဘာလက Foxconnကုမ္ပဏီ၏ iPhoneစက်ရုံတွင် အမျိုးသားနှင့် အမျိုးသမီးများ ချီတက် ဆန္ဒပြခဲ့ကြပြီး ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသူများ၊ အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ထိပ်တိုက်တွေ့သည့် ဗီဒီယိုဖိုင်များ လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

Foxconnသာမက Honda နှင့် Yamahaကဲ့သို့သော ကားစက်ရုံများသည် ချုံချင့်ခရိုင်ရှိ စက်ရုံများတွင် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းခဲ့သည်။

အလားတူ Volkswagenကားကုမ္ပဏီကလည်း ကိုဗစ်ကူးစက်မှုများပျံ့နှံ့လာပြီးနောက် ချန်ဒူရှိ စက်ရုံတွင် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။ တရုတ်၏ ကိုဗစ်တုံ့ပြန်မှုသည် နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုများကိုသာ ဖြစ်စေကြောင်း ပြသခဲ့သည်။

တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းမှ ပြုလုပ်သော စစ်တမ်းအရ စစ်တမ်းဖြေဆိုသော ကုန်အမှတ်တံဆိပ်များ၏ ၇၈ ရာခိုင်နှုန်းက ကိုဗစ်တုံ့ပြန်မှုများကြောင့် တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်တော့ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required