ဝီဂါလူမျိုး အာဟာရဗေဒပညာရှင် ရှင်ကျန်းတွင် ထိန်းသိမ်းခံထားရ

ဝီဂါလူမျိုး အာဟာရဗေဒပညာရှင် ရှင်ကျန်းတွင် ထိန်းသိမ်းခံထားရ

တရုတ်နိုင်ငံအနောက်ဖျားပိုင်း ရှင်ကျန်းမှ အာဏာပိုင်များသည် လူသိများထင်ရှားသော ဝီဂါလူမျိုး အာဟာရ ဗေဒပညာရှင်တစ်ဦးကို လူမှုမီဒီယာပေါ်တွင် ရေးသားတင်ခဲ့သော အကြောင်းအရာများအတွက် ထိန်းသိမ်း ထားကြောင်း ဆွေမျိုးများနှင့်မြို့တော်အူရမ်ချီမှရဲတပ်ဖွဲ့က ပြောသည်။

အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အူရမ်ချီနှင့် တခြားလူအသွားအလာ များသောနေရာများကို အသွားအလာပိတ်ဆို့ထားချိန်တွင် အသက် ၄၆ နှစ်အရွယ်ရှိ ဘက်တီယာဆာဒီသည် အောက်တိုဘာလလယ်က ပျောက်သွားခဲ့ကြောင်း ညီဖြစ်သူ ဆစ်ဒီဂျန်ဆာဒီနှင့်အစ်မဖြစ်သူ မူနျူဝါဆာဒီတို့က RFA ဝီဂါဌာနသို့ပြောသည်။

ကလေး ၃ ယောက်ဖခင်ဖြစ်သည့် ဆာဒီသည် WeChatအသုံးပြုခြင်းနှင့် ၎င်းကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် အကြောင်းအရာအသစ်တင်ခြင်းကို ရုတ်တရက် ရပ်လိုက်ခြင်းကြောင့် ၎င်းပျောက်ဆုံးနေကြောင်း မိသားစုများက သတိထားမိခဲ့သည်။

RFA က အူရမ်ချီရှိ ဟိုတန်လမ်းရဲစခန်းမှ အရာရှိတစ်ဦးကို ဆာဒီ၏အကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော် လျှို့ဝှက်ချက်ချိုးဖောက်မှု သံသယဖြင့် ဖမ်းဆီးခံထားရကြောင်း သိရှိခဲ့သည်။

ရဲအရာရှိက အသေးစိတ်ကို ထပ်မဖြေကြားနိုင်ဘဲ ဆာဒီ၏နေရာနှင့်ပတ်သက်၍ ဆာကာလီဂျန်ခရိုင်ရဲစခန်းဆီ ထပ်ညွှန်းခဲ့သည်။

ကာလီဂန်ရဲစခန်းမှ အရာရှိက ညပိုင်းစီးနင်းမှုတစ်ခုတွင် ရဲများက တခြားဝီဂါများနှင့်အတူ ဆာဒီကို ဖမ်းဆီးခဲ့ ကြောင်း ပြောကြားခဲ့ပြီး ထိန်းသိမ်းရခြင်းအကြောင်းရင်းကိုမူ မသိဟု ဆိုသည်။

“သူက ဓာတ်ပုံရိုက်ပြီး WeChat ကနေ ပို့ပုံရတယ်။ ဒါကြောင်း အဖမ်းခံရပြီးစစ်ဆေးခံနေရတာပါ။ ဓာတ်ပုံတွေက ဒေသခံတွေ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ချမှတ်ခံရတုန်းက ကြုံခဲ့တဲ့ ပြင်းထန်တဲ့ တားမြစ်ချက်တွေနဲ့ ဆက်စပ်နေနိုင်တယ်” ဟု ရဲအရာရှိက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly