တရုတ်က ကျူးကျော်လာပြီးနောက် ဖိလစ်ပိုင်က အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ပြင်တွင် စစ်ရေးတိုးမြှင့်

တရုတ်က ကျူးကျော်လာပြီးနောက် ဖိလစ်ပိုင်က အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ပြင်တွင် စစ်ရေးတိုးမြှင့်

တရုတ်၏ လှုပ်ရှားမှုများကို တွေ့မြင်ပြီးနောက် အငြင်းပွားဖွယ်ရေလမ်းကြောင်းရှိ အစောင့်တပ်များ အန္တရာယ်ရှိသည်ဟုဆိုကာ တောင်တရုတ်ပင်လယ်လယ်တွင် တပ်ဖွဲ့များ တိုးမြှင့်ချထားရေးအတွက် ဒီဇင်ဘာ ၂၂ ရက်တွင် ဖိလစ်ပိုင်အစိုးရက စစ်တပ်ကို အမိန့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံအများအပြားက စစ်ဘက်အဆောက်အအုံများ တည်ဆောက်ထားသော တောင်တရုတ်ပင်လယ်ရှိ အဓိကကျွန်းစု စပရတ်လေကျွန်းများတွင် တရုတ်က နယ်မြေများကို ပြန်လည်သိမ်းယူမှုများ စတင်နေကြောင်း သတင်းများတွင် ဖော်ပြပြီးနောက် ဖိလစ်ပိုင်အစိုးရက ယခုကဲ့သို့ ညွှန်ကြားလာခြင်းဖြစ်သည်။

“အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ကျူးကျော်ဝင်ရောက်တာ ဒါမှမဟုတ် ပိုင်ဆိုင်မှုတောင်းဆိုတာတွေဟာ ပါဂါဆာကျွန်းရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာပါ” ဟု ဖိလစ်ပိုင်ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပါဂါဆာကျွန်းအနီးတွင် တရုတ်၏လှုပ်ရှားမှုများကို စောင့်ကြည့်ပြီးနောက် အနောက်ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စစ်အင်အားထပ်ဖြည့်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း သန္တာကျောက်တန်းများပေါ်တွင် ကျွန်းတုများဆောက်ကာ စစ်ဘက် ဆိုင်ရာအဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းကိုလည်း တည်ဆောက်ထားသည်။

စပရတ်လေကျွန်းများ၊ အယ်လ်ဒက်သန္တာကျောက်တန်း၊ ဝစ်ဆန်သန္တာကျောက်တန်း၊ လန်ကီယမ်ကျွန်းနှင့် ဆန်ဒီဆန်ကျွန်းများပေါ်တွင် မြေဧရိယာအသစ်များပေါ်ထွက်လာကြောင်း အမေရိကန်၏ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ Bloombergက ဒီဇင်ဘာ ၂၀ ရက်က ဖော်ပြခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်နှင့် ရေကြောင်းပြည်သူ့စစ်များသည် ဒေသတွင်းရှိ ငါးဖမ်းလှေများနှင့် တခြား ရေယာဉ်များကို နှောင့်ယှက်တိုက်ခိုက်လျက်ရှိကြောင်း ဖိလစ်ပိုင်က အကြိမ်ကြိမ် စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly