နီပေါအစိုးရအပြောင်းအလဲက တရုတ်အတွက် အဓိကသံတမန်ရေး ထိုးနှက်ချက်ဖြစ်လာ

နီပေါအစိုးရအပြောင်းအလဲက တရုတ်အတွက် အဓိကသံတမန်ရေး ထိုးနှက်ချက်ဖြစ်လာ

နီပေါဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ်ပါတီဥက္ကဋ္ဌကေပီအိုလီ (ညီညွတ်သောမာက့်စ်လီနင်ဝါဒီ) နှင့်မော်ဝါဒီဥက္ကဋ္ဌပရာချိန်ဒရာတို့၏မဟာမိတ်များနီပေါတွင်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့မှုကပါလီမန်တွင် ကွန်မြူနစ်အမတ်များ၏ပါဝင်မှုအချိုးကိုလျော့နည်းစေပြီးသြဇာလွှမ်းမိုးမှုကိုကျဆင်းစေကြောင်းpardafas.com က ဖော်ပြလိုက်သည်။

ဒူဘာဦးဆောင်သောညွှန့်ပေါင်းအစိုးရလက်ထက်တွင်နီပေါအာဏာချိန်ခွင်ညှာသည်တရုတ်သမ္မတရှီကျင့်ဖျင် အတွက်အကြီးမားဆုံးသံတမန်ရေးရာထိုးနှက်ချက်ဖြစ်နိုင်ပြီးတရုတ်ကိုလိုလားပုံမရပေ။

နီပေါတွင် ယင်း၏အနေအထားကိုတရုတ်ကပြန်လည်ချိန်ညှိရမည်ဖြစ်သည်။

နီပေါတွင်အစိုးရဖွဲ့နိုင်ခြေအရှိဆုံးဖြစ်သည့်ဒူဘာသည်လုပ်ငန်းများစတင်နေပြီဖြစ်သည့်အမေရိကန်၏Millennium Challenge Corporation သဘောတူညီချက်ကို တွန်းအားပေးခြင်းဖြင့် နိုင်ငံရေး အရင်းအနှီး ပြုထားကြောင်းpdafas.com ကဖော်ပြခဲ့သည်။

နီပေါလွှတ်တော်ဥက္ကဋ္ဌဒူဘာဦးဆောင်သော၅ပါတီညွှန့်ပေါင်းအစိုးရသည်၂၀၂၁ခုနှစ်ဇူလိုင်လတွင်စတင်ဖွဲ့စည်းချိန်မှစ၍တရုတ်နှင့်ထိတွေ့ဆက်ဆံမှုနည်းပါးခဲ့ပြီးလုပ်ငန်းအဆင့်အစည်းအဝေးများနှင့်နိုင်ငံခြားရေးဝန်ကြီး၂ဦး၏ ဖုန်းပြောဆိုမှုသာရှိခဲ့သည်။

ဒူဘာဦးဆောင်သောအစိုးရကတရုတ်၏နယ်စပ်ကျူးကျော်မှုကိစ္စအားမတိုင်ပင်ဘဲထုတ်ဖော်ပြောဆိုခဲ့သဖြင့် တရုတ်က ဒေါသထွက်ခဲ့သည်။

ယင်းအခြေအနေများကြောင့်ရွေးကောက်ပွဲအပါအဝင်နီပေါနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို တရုတ်က အမြဲတမ်း အနီးကပ်စောင့်ကြည့်နေခဲ့သည်။

မတ်လတွင်နီပေါပါလီမန်ကအမေရိကန်၏Millennium Challenge Corporation (MCC) သဘောတူညီချက်ကို အတည်ပြုပြီးနောက်ပိုင်း တရုတ်ထိပ်တန်းခေါင်းဆောင်များ နီပေါသို့လာရောက်ခဲ့ကြသည်။

မဲရေတွက်မှုပြီးဆုံးခါနီးတွင်အိမ်စောင့်အစိုးရဝန်ကြီးချုပ်ဒူဘာ၏နိုင်ငံရေးပါတီဖြစ်သောနီပေါကွန်ဂရက်က နိုဝင်ဘာ၂၀ရက်ရွေးကောက်ပွဲတွင်အမတ်နေရာအများဆုံးရရှိထားကြောင်းမီဒီယာများကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly