ဖရဲသီးတွေ ဘယ်လောက် အရေးကြီးလဲ (ဆောင်းပါး)

ဖရဲသီးတွေ ဘယ်လောက် အရေးကြီးလဲ (ဆောင်းပါး)

ဖရဲသီးတွေ ဘယ်လောက် အရေးကြီးလဲ အမာခံသတင်းပို့ပေးတဲ့ ဖရဲသီးတွေကို သတင်းအချက်အလက်ပေါ်မူတည်ပြီူ ချီးမြင့်ငွေ ပေးအပ်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ NUG အနေနဲ့ လာမယ့်နှစ်အတွင်း စစ်ရေးအရှိန်မြင့်မယ်လို့ ကြေညာပြီးတဲ့နောက် ဒီဇင်ဘာ ၂၀ ရက်မှာ အမာခံသတင်းပေးပို့မယ့်သူတွေကို ဖိတ်ခေါ်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖရဲသီးတွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အမာခံသတင်းပေးပို့သူတွေရဲ့ အချက်အလက်တွေ လုံခြုံမှုရှိစေရေးက အရေးကြီးတဲ့အတွက် အဲဒီအချက်ကို အာမခံကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ ပေးပို့နိုင်တဲ့အပြင် သတင်းအချက်အလက် အဆင့်အတန်းပေါ်မူတည်ပြီး ချီးမြှင့်ငွေတွေ ပေးအပ်မယ်လို့လည်း NUG က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly