ဆောမြို့စောင့် စစ်ကောင်စီတပ် ရဲဘော် ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဆောမြို့စောင့် စစ်ကောင်စီတပ် ရဲဘော် ကိုယ့်ကိုယ်ကိုယ် သတ်သေ

မဇ္ဈိမ။ ။ဆောမြို့တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်တွင် အရာရှိ၏ ကိုယ်ရေးအရာရှိရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။

မြို့လုံခြုံရေးယူထားသော ကပစ (၂၅) က ဗိုလ်မှူးရဲဝင်းမြင့်၏ ကိုယ်ရေးအရာရှိရဲဘော်သည် ခြင်းလုံးခတ်နေရင်းမှသည် အိမ်သာထဲသွားပြီး ပစ္စတိုကို ပါးစပ်ထဲငုံကာ သေနတ်ခလုတ် နှိပ်ပြီး သတ်သေသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗိုလ်မှူးနှင့်ဆက်နွှယ်ကာ အခြားရဲဘော်တစ်ဦးအသတ်ခံရမှုလည်း လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်းက ဖြစ်ပွားခဲ့သေးရာ တပ်အတွင်း စိတ်ဖိစီးမှုများဖြစ်ပွားနေသည်ဟု ဒေသခံများက မှတ်ချက်ပြုကြသည်။

စစ်သားတစ်ဦးက ဗိုလ်မှူးရဲဝင်းမြင့်ကို အာခံပြန်ထိုးရာက အခြားရဲဘော်များက ဝိုင်းထိုးရိုက်သတ်လိုက်ကြခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဆောမြို့တွင် ခြေလျင်တပ်နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကပစ (၂၅) တို့ တွဲထိုင်လျက်ရှိပြီး အင်အား ၁၀၀ အထိရှိနိုင်သည်ဟု မြို့ခံများက ခန့်မှန်းထားသည်။

သို့သော် စစ်ကောင်စီတပ်အနေဖြင့် တပ်ဝင်းအတွင်းမှမထွက်ဝံ့သဖြင့် ရဲဘော်နှစ်ဦးလုံး၏အလောင်းကို သင်္ဂြိုဟ်မှုအတွက် မြို့ခံလူမူကယ်ဆယ်ရေးအဖွဲ့တစ်ခုကို အကူညီတောင်းခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required