တရုတ်စက်မှုနှင့်နည်းပညာဝန်ကြီးဟောင်း လာဘ်စားမှုဖြင့် ကွန်မြူနစ်ပါတီမှ ဖယ်ရှားခံရ

တရုတ်စက်မှုနှင့်နည်းပညာဝန်ကြီးဟောင်း လာဘ်စားမှုဖြင့် ကွန်မြူနစ်ပါတီမှ ဖယ်ရှားခံရ

အကျင့်ဖျက်ခြစားမှုတိုက်ဖျက်ရေးစုံစမ်းရေးအဖွဲ့က နည်းပညာနှင့် ထုတ်ကုန်ကဏ္ဍတွင် အမေရိကန်ကို ကျော်ဖြတ်နိုင်ရန် ကြီးကြပ်လုပ်ဆောင်ခဲ့သော တရုတ်အစိုးရဝန်ကြီးဟောင်းကို လဘ်စားမှုဖြင့် ကွန်မြူနစ်ပါတီမှ ဖယ်ရှားလိုက်သည်။

စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးအဖြစ်၂၀၂၀ ခုနှစ်မှ ယခုနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့သော ရှောင်ယာချင်းကို အနိမ့်ဆုံး အစိုးရရာထူးအဆင့်သို့လျှော့ချကာ အငြိမ်းစား ပေးလိုက်သော်လည်း တရားစွဲဆွဲမှု မလုပ်ခဲ့ပေ။

အကျင့်ပျက်ခြားစားမှုတိုက်ဖျက်ရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) က အသက် ၆၃ နှစ်ရှိ ရှောင်သည် ရုံးတာဝန်များကို မျှမျှတတ ဆောင်ရွက်ရာတွင် သက်ရောက်မှုရှိစေနိုင်သော တည်ခင်း ဧည့်ခံမှုဖိတ်ကြားချက်များကိုလက်ခံခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရှောင်သည် စည်းမျဉ်းနှင့်ဥပဒေအခြေခံအချက်များကို ချိုးဖောက်ခဲ့ကာ အစိုးရနှင့် စီးပွားရေးအကြား စည်းသတ်မှတ်မှုမရှိဘဲ တခြားသူများထံမှ လာဘ်ငွေအမြောက်အမြားလက်ခံခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လက စုံစမ်းမေးမြန်းမှုခံနေရသော ရှောင်သည် အမှားများကို အလျင်အမြန်ဝန်ခံခဲ့ပြီး နောင်တရကြောင်းပြသကာ တရားမဝင်သော ဝင်ငွေအားလုံးကိုအပြည့်အဝပြန်ပေးသဖြင့် သက်ညှာထိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များက ရှောင်အား ပါတီမှထုတ်ပယ်ပြီး လက်ရှိရာထူးမှဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်။

ရှောင်သည် အစိုးရရာထူးများတွင် ဒုတိယအဆင့်အနိမ့်ဆုံးဖြစ်သည့် ဝန်ထမ်းရေးရာအဖွဲ့ဝင်အဆင့် ၁ အဖြစ်သို့ ရာထူးလျှော့ချခံရပြီး အငြိမ်းစားယူသည့်အရွယ်မှာလည်း ဝန်ကြီးအဆင့်အငြိမ်းစားယူသည့် အသက် ၆၅ မှ ၆၀ နှစ်သို့ လျော့ကျခဲ့သဖြင့် ၃ နှစ်စွန်းနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly