ထိုင်ဝမ်အတွက် စစ်ရေးအသုံးစရိတ်ထပ်တိုးပေးရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

ထိုင်ဝမ်အတွက် စစ်ရေးအသုံးစရိတ်ထပ်တိုးပေးရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်သည့် ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ်သည့်ဆွေးနွေးပွဲများတွင်ပါတီ၂ရပ်စလုံးမှ အမေရိကန်လွှတ်တော်အမတ်များပါဝင်သည့်အဖွဲ့က လာမည့်ကွန်ဂရက်လွှတ်တော်ဘတ်ဂျတ်တွင် ထိုင်ဝမ်နှင့်ယူကရိန်းအတွက်စစ်အသုံးစရိတ်များထပ်တိုးပေးရေးကိုအတည်ပြုရန်အထက်လွှတ်တော်နှင့်အောက်လွှတ်တော် ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်ဟုThe Hill ကဖော်ပြလိုက်သည်။

အောက်လွှတ်တော်ကအတည်ပြုလိုက်သည့်နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်အက်ဥပဒေ (NDAA) တွင် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက်အမေရိကန်ဒေါ်လာသန်း၅၀ဝနှင့်ယူကရိန်း၏မဟာမိတ်များအတွက်အမေရိကန် ဒေါ်လာသန်း၂၅၀ထပ်တိုးထောက်ပံ့ပေးရေးအတွက်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဘော့မီနီဒက်ဇ်နှင့်ထိပ်တန်းအဖွဲ့ဝင် ဂျိမ်းရစ်တို့က တောင်းခံထားသည်။

အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌဂရီဂေါ်ရီမိခ်နှင့်ထိပ်တန်းအဖွဲ့ဝင်မိုက်ကယ်မက်ကောလ်တို့ပူးတွဲရေးသားထားသောစာကိုကွန်ဂရက်လွှတ်တော်ခေါင်းဆောင်များထံတွင်ဒီဇင်ဘာ၁၃ရက်ကပေးပို့ခဲ့ကြောင်းThe Hill ကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကိုတရုတ်ကျူးကျော်ဝင်ရောက်မည်ကိုစိုးရိမ်သဖြင့်တင်းမာမှုများမြင့်တက်လာနေကြောင်းအမေရိကန်လွှတ်တော်အမတ်များကသတိပေးခဲ့ပြီးအရေးပေါ်လျာထားချက်တွင်အမေရိကန်ဒေါ်လာသန်း၅၀ဝနှင့်ထိုင်ဝမ်အတွက်နောက်ထပ်ဒေါ်လာ၁ဘီလီယံအရေးပေါ်ထောက်ပံ့ငွေကိုအတည်ပြုရန်ခေါင်းဆောင်များကိုတိုက်တွန်းခဲ့သည်။

“ထိုင်ဝမ်ရင်ဆိုင်နေရတဲ့ခြိမ်းခြောက်တွေကအရေးတကြီးပြီးမကြုံစဖူးကြီးမားလှပါတယ်”ဟုThe Hill ကဖော်ပြခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင်အမေရိကန်အောက်လွှတ်တော်ကအမေရိကန်ဒေါ်လာ၈၄၇ဘီလီယံသုံးစွဲမည့်နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်အက်ဥပဒေ (NDAA) ကိုအတည်ပြုလိုက်ပြီးယင်းတွင်၂၀၂၇ခုနှစ်အထိထိုင်ဝမ်စစ်ရေးအကူအညီအတွက်အမေရိကန်ဒေါ်လာ၁၀ဘီလီယံသုံးစွဲရန်နှင့်ယူကရိန်းအတွက်စစ်ရေးအကူအညီနောက်ထပ်အမေရိကန်ဒေါ်လာသန်း၈၀ဝသုံးစွဲရန်အစီအစဉ်းများပါဝင်သည်။

အထက်လွှတ်တော်နှင့်အောက်လွှတ်တော်ခေါင်းဆောင်များထံရေးသားထားသောစာတွင်အောက်လွှတ်တော်နှင့်အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီများမှခေါင်းဆောင်များကအမျိုးသားကာကွယ်ရေးအသုံးစရိတ်ဥပဒေ (NDAA) အပါအဝင်လုံခြုံရေးအသုံးစရိတ်များကိုအပြည့်အဝအတည်ပြုရန်တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly