အာဖရိကတွင် တရုတ်နှင့်ရုရှားတို့၏ သြဇာပိုမိုကြီးမားလာခြင်းက မတည်မငြိမ်ဖြစ်စေမည့် အန္တရာယ် ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး သတိပေး

အာဖရိကတွင် တရုတ်နှင့်ရုရှားတို့၏ သြဇာပိုမိုကြီးမားလာခြင်းက မတည်မငြိမ်ဖြစ်စေမည့် အန္တရာယ် ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး သတိပေး

အာဖရိကတွင်တရုတ်နှင့်ရုရှားတို့၏သြဇာပိုမိုကြီးမားလာမှုကြောင့်ဒေသတွင်းမတည်မငြိမ်ဖြစ်စေမည့်အန္တရာယ် အတွက် ထိပ်သီးအစည်းအဝေးတွင်အာဖရိကခေါင်းဆောင်များအား အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သတိပေးခဲ့ကြောင်းRFI ကဖော်ပြလိုက်သည်။

၃ရက်ကြာထိပ်သီးစည်းဝေးပွဲအစပိုင်းတွင် အာဖရိကသမ္မတများနှင့်အတူပြုလုပ်သည့်ဆွေးနွေးပွဲအတွင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်နှင့်ရုရှားတို့၏ ကွဲပြားသောချဉ်းကပ်မှုကို သတိပေးခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်ကသြဇာလွှမ်းမိုးမှုကိုပြန်လည်ရယူရန်ပုဂ္ဂိုလ်ရေးသြဇာသုံးကြိုးပမ်းနေချိန်တွင် အာဖရိကခေါင်းဆောင်၄၉ဦးတို့သည်၈နှစ်အတွင်းပထမဆုံးအကြိမ်ကျင်းပသည့်အမေရိကန်နှင့်အာဖရိကဆိုင်ရာထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန်ဝါရှင်တန်သို့ရောက်ရှိနေကြသည်။

"ဒီနှစ်နိုင်ငံရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်သင့်ပါတယ်။ပြီးတော့သူတို့ရဲ့သြဇာလွှမ်းမိုးမှုကမတည်မငြိမ်ဖြစ်စေနိုင်ပါတယ်" ဟုအော်စတင်က၃ရက်ကြာကျင်းပသည့်အမေရိကန်နှင့်အာဖရိကထိပ်သီးအစည်းအဝေးအစပိုင်းတွင်သမ္မတများနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

စီးပွားရေးသြဇာကြီးထွားလာသည်နှင့်အမျှအာဖရိကတွင်တရုတ်ကသြဇာလွှမ်းမိုးရေးပိုမိုလုပ်ဆောင်လာသည်ဟု အော်စတင်က ပြောကြားခဲ့သည်။

"အဲဒီမှာဒုက္ခပေးနေတဲ့အပိုင်းကသူတို့လုပ်ကိုင်နေတာတွေကိုအမြဲတမ်းပွင့်လင်းမြင်သာမှုမရှိတာကနောက်ဆုံးမှာမတည်မငြိမ်ဖြစ်မယ့်ပြဿနာတွေကိုဖန်တီးပေးပါလိမ့်မယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။

ရုရှားသည် ဈေးပေါသည့်လက်နက်များကိုဆက်လက်ရောင်းချနေကြောင်းနှင့် တိုက်ကြီး အနှံ့တွင်ကြေးစားစစ်သားများကိုတပ်ဖြန့်ချထားသည်ဟုလည်း ၎င်းကပြောကြားကာ မတည်ငြိမ်မှုကို ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

အာဖရိကအတွက်၃နှစ်အတွင်း အမေရိကန်ဒေါ်လာ၅၅ဘီလီယံသုံးစွဲရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required