တရုတ်ကျူးကျော်မှုကို တိဗက်ဒုက္ခသည်များ ဆန့်ကျင်ကန့်ကွက်

တရုတ်ကျူးကျော်မှုကို တိဗက်ဒုက္ခသည်များ ဆန့်ကျင်ကန့်ကွက်

အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊တာဝမ်ဒေသရှိ အိန္ဒိယပိုင်နက်နယ်မြေအတွင်းသို့တရုတ်ကကျူးကျော် ဝင်ရောက်မှုကိုဟိမချယ်ပရာဒေ့ရှ်ပြည်နယ်ဒမ်မာရှလာတွင်နေထိုင်သည့် တိဗက်ဒုက္ခသည်များက ဒီဇင်ဘာ ၁၆ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အိန္ဒိယအနေဖြင့် တရုတ်တစ်နိုင်ငံ မူဝါဒကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း လိုက်သည်။

တိဗက်လွတ်လပ်ရေးတောင်းဆိုသည့်ကြွေးကြော်သံများကြွေးကြော်ကာ တိဗက်လူမျိုးများက တရုတ်စစ်တပ် (PLA) ၏ လုပ်ရပ်ကို ရှုတ်ချခဲ့သည်။

"အိန္ဒိယစစ်တပ်နဲ့ပြည်သူလူထုကိုထောက်ခံကြောင်းဖော်ပြဖို့ဒီနေရာကိုရောက်ရှိနေတာပါ။ တိဗက်ဒေသကို တရုတ်ကနေ လွတ်မြောက်ဖို့ တိဗက် ဒုက္ခသည်အနေနဲ့ တောင်းဆိုပါတယ်" ဟု တိဗက်လွတ်မြောက်ရေး ကျောင်းသားများအဖွဲ့ ဒါရိုက်တာ ရင်ဇန်ချီတုန်က ပြောကြားခဲ့သည်။

တိဗက်ကလွတ်လပ်သောနိုင်ငံဖြစ်ခဲ့စဉ်ကအိန္ဒိယနှင့်နယ်နိမိတ်ပြဿနာမရှိခဲ့ကြောင်းသူမက ပြောကြားခဲ့သည်။

“၁၉၅၉ခုနှစ်တွင်တိဗက်ကိုတရုတ်ကတရားမဝင်သိမ်းပိုက်ခဲ့ချိန်ကစပြီးနယ်စပ်မှာဆက်တိုက်ကျူးကျော်မှုတွေ၊ကွန်မြူနစ်အစိုးရရဲ့ခြိမ်းခြောက်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်”ဟု သူမက စွပ်စွဲခဲ့သည်။

“တရုတ်ပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လွတ်မြောက်ရေးတောင်းဆိုနေတဲ့လက်ရှိဖြစ်ပေါ်နေတဲ့အကျပ်အတည်းက နေအာရုံလွှဲဖို့ဒီနည်းပရိယာယ်တွေကို တရုတ်က အသုံးပြုနေကြ ပုံစံ ပါပဲ”ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်စစ်တပ်(PLA) တပ်ဖွဲ့ဝင်များသည် အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တာဝန်ဒေသ၊ ယန်ဆဲဧရိယာရှိ အစစ်အမှန်ထိန်းချုပ်မျဉ်းအားကျူးကျော်ရန်ကြိုးပမ်းခဲ့ပြီးလက်ရှိအနေအထားကိုပြောင်းလဲရန်တစ်ဖက်သတ်

ကြိုးပမ်းခဲ့သော်လည်းအိန္ဒိယတပ်မှူးများ၏အချိန်မီဟန့်တားမှုကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်းကာကွယ်ရေးဝန်ကြီးဆင်းကလွှတ်တော်သို့အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly