တရုတ်က အမှားလုပ်ရပ်များအတွက် အိန္ဒိယကိုသာ အပြစ်တင်လိမ့်မည်ဖြစ်ကြောင်း အဝေးရောက် တိဗက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြောကြား

တရုတ်က အမှားလုပ်ရပ်များအတွက် အိန္ဒိယကိုသာ အပြစ်တင်လိမ့်မည်ဖြစ်ကြောင်း အဝေးရောက် တိဗက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ပြောကြား

တရုတ်အစိုးရက မိမိ၏ လုပ်ရပ်များကိုကာကွယ်သည့်အနေဖြင့်အိန္ဒိယကိုသာအပြစ်တင်လိမ့်မည်ဖြစ်ကြောင်း အဝေးရောက်တိဗက်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒိုမာဆာရင်းကပြောကြားလိုက်သည်။

“တရုတ်မှာဆူပူမှုဖြစ်တဲ့အခါတိုင်းအာရုံလွှဲဖို့အတွက်နယ်စပ်မှာပြဿနာတစ်ခုခုအမြဲရှာပါတယ်”ဟု အရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တာဝန်ဒေသတွင်တရုတ်တပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်တွေ့ဆုံမှုသတင်းထွက်ပေါ် ပြီးနောက်တစ်ရက်အကြာတွင်ANI လူတွေ့မေးမြန်းခန်းတွင်ဆာရင်းကပြောကြားလိုက်သည်။

တရုတ်ကယင်းတို့၏လုပ်ရပ်များကိုမည်သည့်အခါမျှပြောကြားမည်မဟုတ်ဘဲအိန္ဒိယကိုသာအပြစ်တင်မှာဖြစ် ကြောင်းနှင့် နယ်စပ်ဒေသကို သတိထားစောင့်ကြည့်ရန် ၎င်းကပြောကြားခဲ့သည်။

"ဒီလိုတွေဆက်ဖြစ်နေရင်တိဗက်ကုန်းပြင်မြင့်ဒေသကစစ်အင်အားအပြည့်ချထားတဲ့ဇုန်အဖြစ်ဆက်လက်တည်ရှိ နေမှာပါ။တရုတ်အနေနဲ့ချစ်ကြည်ရင်းနှီးမှုကိုဘယ်လိုထိန်းမလဲ၊ယုံကြည်မှုကိုအခြေခံတဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေလိုအပ်ပါတယ်" ဟုအစောပိုင်းကအဝေးရောက်တိဗက် အစိုးရပြောရေးဆိုခွင့်ရှိသူ တန်ဇင်လက် ရှေးကပြောကြားခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုကြောင့်နှစ်ဖက်တပ်သားဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ဒီကိစ္စကိုသံတမန်လမ်းကြောင်းကနေတဆင့်တရုတ်နဲ့ဆွေးနွေးနေပါတယ်။ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေက နယ်စပ်တွေကိုကာကွယ်ဖို့ကတိကဝတ်ပြုထားပြီးစိန်ခေါ်လာမှုမှန်သမျှကိုဟန့်တားဖို့အသင့်ရှိကြောင်း အောက်လွှတ်တော်ကိုပြောပြချင်ပါတယ်”ဟုအိန္ဒိယကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

တရုတ်ကစစ်သား၃၀ဝခန့်ဖြင့်ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့သော်လည်းအိန္ဒိယဘက်ကလည်းစနစ်တကျပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly