မန္တလေးတွင် မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ရဲစခန်းအပါအ၀င် နေရာ ၂ ခုကို ဗုံးပစ်တိုက်ခိုက်

မန္တလေးတွင် မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ရဲစခန်းအပါအ၀င် နေရာ ၂ ခုကို ဗုံးပစ်တိုက်ခိုက်

ဒီဇင်ဘာလ ၂၁ ရက်

မန္တလေးမြို့တွင် မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ နေရာနှစ်ခုကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံးတစ်ဦးသေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်ထား သည်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ယနေ့ မွန်းလွဲ ၂ နာရီခန့်က အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ်ဓမ္မာရုံ ကင်းတဲကိုဗုံးဖြင့်ပစ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေရာမှာပင်လဲကျသွားသည်ကို မြင်တွေ့ခဲ့ရ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် ၁၃၅ လမ်းနှင့် ၅၈ လမ်းထောင့်ရှိ စက်မှုရဲစခန်းကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဗုံးပစ်တိုက် ခိုက်ခဲ့ရာ ဘန်ကာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေနဲ့ ဝေးဝေးကသွားလာကြဖို့နဲ့ fundraiser တွေ ကလည်း ဒီစစ်ဆင်ရေးအတွက် ကူညီပေးဖို့ပြောချင်ပါတယ်” ဟု စစ်ဆင်ရေးတာဝန်ခံ ပီကာကျူးကပြော သည်။

အဆိုပါတိုက်ခိုက်မှုတို့ကို မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားများပူးပေါင်းပြီး မြနန္ဒာ စစ်ဆင်ရေး(မန္တလေး)အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစစ်ဆင်ရေးအဖွဲ့၏ ပြန်ကြားရေးဗျူရို က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ယနေ့မွန်းလွဲပိုင်းက အမျိုးသားရေးဆရာတော်ဦးဝီရသူ ဦးဆောင်မှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ၀င်များနှင့် ပျူစောထီးများပူးပေါင်းကာ NUG ၊ CRPH နှင့် PDF ကိုရှုတ်ချပြီး အာဏာသိမ်းစစ်တပ်ထောက် ခံပွဲပြုလုပ်ခဲ့သည်။ အဆိုပါထောက်ခံပွဲပြုလုပ်နေစဉ်အတွင်း စစ်ကောင်စီ၏နေရာနှစ်ခု ဗုံးပစ်တိုက်ခိုက် ခံရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly