မြန္ဒာစစ်ဆင်ရေးအောက် မန္ထလေးတွင် စစ်ဘက်ပစ်မှတ်များတိုက်ခိုက်

မြန္ဒာစစ်ဆင်ရေးအောက် မန္ထလေးတွင် စစ်ဘက်ပစ်မှတ်များတိုက်ခိုက်

ဒီဇင်ဘာလ ၂၁ ရက်

မန္တလေးမြို့တွင် မြနန္ဒာစစ်ဆင်ရေး စတင်သည့် ယနေ့ ဒီဇင်ဘာ ၂၁ရက်၊မွန်းလွဲပိုင်း ၂နာရီနှင့်၃နာရီတို့တွင် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် တိုက်ခိုက် မှုများစတင်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို အရှိန်မြှင့်တင်တိုက်ခိုက ်မှုများပြုလုပ်ရန်အတွက ်မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး မြန္ဒာ စစ်ဆင်ရေး ပြုလုပ်ရခြင်းဖြစ်သည်။

ပွဲဦးထွက်အဖြစ် မွန်းလွဲ ၃နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊၁၃၅လမ်းနှင့် ၅၈လမ်းထောင့်မှ စက ်မှုနယ်မြေ ရဲစခန်းနှင့်မွန်းလွဲ ၂နာရီတွင် အမရပူရမြို့နယ်၊နန်းတော်ရာ စံပြကွက်သစ် ဓမ္မာရုံကင်းတဲတို့ကို ဗုံးပစ် တိုက်ခိုက် မှုများပြုလုပ်ခဲ့ခြင်းဖြစ်သသည်။

စက် မှုနယ်မြေရဲစခန်းကို တိုက်ခိုက်ရာတွင် ဘန်ကာထောင့် ဗုံးကျခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသော်လည်း စခန်းအတွင်းမှ သေနတ်ဖြင့် ခြောက်ချက်ခန့်ပြန်လည် ပစ်ခတ်ခဲ့ရာ ပြောက်ကျားတပ်ဖွဲ့မှာ ထိခိုက် မှုမရှိခဲ့ကြောင်းသိရသည်။

"တပ်စွဲထားတဲ့ စံပြကွက်သစ် ဓမ္မရုံကင်းတဲကို ဗုံးပစ်ရာမှာ စစ်ခွေး တစ်ကောင် နေရာမှာတင် လဲသွားခဲ့ပါတယ်"ဟု မြနန္ဒာစစ်ဆင်ရေး တာဝန်ခံကပြောသည်။

ထိုသို့ တိုက်ခိုက် မှုများဖြစ်ပွားပြီးနောက် မန္တလေးမြို့တွင် ယခုညပိုင်း၌ နေရာအနှံ့ပိတ်စို့ ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly