မန္တလေးမြို့ ၄၅ တာကွင်းတွင် CRPH ၊ NUG၊ PDF ရှုတ်ချခြင်းနှင့် တပ်ထောက်ခံပွဲ ပြုလုပ်

မန္တလေးမြို့ ၄၅ တာကွင်းတွင် CRPH ၊ NUG၊ PDF ရှုတ်ချခြင်းနှင့် တပ်ထောက်ခံပွဲ ပြုလုပ်

ဒီဇင်ဘာလ ၂၁ ရက်

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး သာသနာ ၅၀၀၀ ဝင်း(၄၅တာကွင်း)တွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက CRPH ၊ NUG၊ PDF ရှုတ်ချကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဃာတော်အချို့၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ဦးဝီရသူကြွရောက်ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ၄၅ တာကွင်းအား စစ်ကောင်စီတပ်၏ အရပ်ဝတ်လက်နက်ကိုင်များက လုံခြုံရေးယူပေးထားပြီး အပြင်လူများ ဝင်ရောက်ခွင့်တားဆီးထားခဲ့ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ထောက်ခံပွဲများကို မန္တလေး၌ မြို့နယ်အလိုက်ပြုလုပ်သွားရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အမာခံများက ရပ်ကွက်အသီးသီးတွင် စည်းရုံးနေကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly