တရုတ်က ပင်လယ်မျှော့မွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လာမှုကြောင့် သီရိလင်္ကာရေလုပ်သားများ အသက်မွေးဝမ်းကျောင်း ထိခိုက်လာ

By Newswire
20 December 2022
တရုတ်က ပင်လယ်မျှော့မွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လာမှုကြောင့် သီရိလင်္ကာရေလုပ်သားများ အသက်မွေးဝမ်းကျောင်း ထိခိုက်လာ

သီရိလင်္ကာနိုင်ငံမြောက်ပိုင်းရှိ ဂျက်ဖ်နာနှင့် ကီလီနော့ချီဒေသများရှိ ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးခဲ့လာခြင်းက ရေလုပ်သားများ၏ အသက်မွေးကျောင်းကို ထိခိုက်လျက်ရှိသည်။

လက်ရှိအစိုးရသည် ပင်လယ်မျှော့စီမံကိန်းတချို့ကို တရုတ်ရင်းနှီးမြှုပ်နှံသူများထံသို့ လွှဲပြောင်းပေးထားသည်။ အစိုးရက ဒေသခံတံငါသည်အသိုက်အဝန်းနှင့် ၎င်းတို့အမြင်များကို မျက်ကွယ်ပြုကာ စိုးရိမ်ပူပန်မှုများ ဖြစ်စေခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်သည်။

ပင်လယ်မျှော့မွေးမြူရေးကို တရုတ်တို့ စိတ်ဝင်စားလာရခြင်းမှာ တရုတ်တွင် စားသောက်ဖွယ်ရာ အဖြစ်အသုံးပြုပြီး ဈေးကွက်အသင့်ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။

သီရိလင်္ကာဝန်ကြီးများအဖွဲ့အစိုးရသည် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ရှိ ဂျက်ဖ်နာ၊ မန်နာ၊ ကီလီနော့ချီနှင့် ဘာတီကယ်လိုအာစသည့် ခရိုင် ၄ ခုတွင် ပင်လယ်မျှော့စီမံကိန်းများအတွက် ဧက ၅ ၀၀၀ ကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက အတည်ပြုကာ နေရာချထားပေးခဲ့သည်။

ပင်လယ်ကမ်းစပ်အနီးရှိ နေရာတချို့ကို ခြံခတ်ခြင်းနှင့် ရေလုပ်သားများကိုပင် ဝင်ရောက်ခွင့်ကန့်သတ်ထားမှုကို ဆန့်ကျင်သော ဒေသခံရေလုပ်သားများသည် ယမန်နှစ်က ကီလိနော့ချီခရိုင်ရှိ နောက်ထပ် တရုတ်စီမံကိန်း တစ်ခုကို ကန့်ကွက်ခဲ့ကြကြောင်း The Hindu သတင်းဌာက ဖော်ပြခဲ့သည်။

“သူတို့တွေ ကျွန်တော်တို့နဲ့ ညှိနှိုင်းတိုင်ပင်တာတွေမလုပ်တာကို စိတ်ပျက်မိပါတယ်။ ကုမ္ပဏီက ကျွန်တော်တို့ ရေပိုင်နက်ထဲမှာ ပင်လယ်မျှော့တွေကို ဖမ်းပြီးတော့သားဖောက်စက်ရုံထောင်ပြီး လူသိရှင်ကြားလုပ်နေတာပါ။ ဒီလိုမျိုး နေ့စဉ် အလွန်အကျွံဖမ်းဆီးမှုဟာ ကျွန်တော်တို့ရဲ့ ရေသယံဇာတကို သိသိသာသာ ပျက်စီးစေပါတယ်” ဟု K. Baheerathan of the Koutharimunai ရေလုပ်သားအသင်းက ပြောသည်။

ပင်လယ်မျှော့မွေးမြူရေးစီမံကိန်းများကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းများ၊ အဏ္ဏဝါဂေဟစနစ်နှင့် ၎င်းတို့ မိရိုးဖလာနေထိုင်လာသောမြေများအပေါ် ဆိုးရွားသောအကျိုးသက်ရောက်မှုများ ရှိလာလိမ့်မည်ဟု ဒေသခံများက ပြောသည်။

ပင်လယ်မျှော့မွေးမြူရေးကန်များ များပြားလာခြင်းကြောင့် ရေလုပ်သားမိသားစု ၃ ၂၀၀ ခန့်မှာ မျှော်လင့်ချက်မဲ့သောအနာဂတ်နှင့်ရင်ဆိုင်နေရသည်။

မကြုံစဖူးစီးပွားရေးကျဆင်းမှုဒဏ်ကို ခံနေရသော သီရိလင်္ကာသည် ချွတ်ခြုံကျနေသောစီးပွားရေး တည်ငြိမ် စေရန် ဒေါ်လာကို အသည်းအသန်ရှာဖွေနေရသည်။ ထိုအခြေအနေတွင် ပင်လယ်မျှော့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်နှစ်မျိုးစလုံးအတွက် အလားအလာရှိကြောင်းကို အစိုးရက တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required