ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၆၇ ဦး အသတ်ခံခဲ့ရ

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၆၇ ဦး အသတ်ခံခဲ့ရ

၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၆၇ ဦးသည် သတင်းအလုပ်လုပ်ရင်း အသတ်ခံခဲ့ရပြီး ၎င်းတို့ထဲတွင် ပါကစ္စတန်ဂျာနယ်လစ် ၅ ဦးလည်း ပါကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ဖော်ပြသည်။

၂၀၂၂ ခုနှစ်အတွင်း အသတ်ခံရသည့် သို့မဟုတ် ထောင်ချခံရသည့် ဂျာနယ်လစ်အရေအတွက် မြင့်တက်ခဲ့စဉ် ဂျာနယ်လစ်များ၏ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် ခိုင်မာသည့် လုပ်ဆောင် ချက်များ လုပ်ဆောင်ရေး IFJ က ထပ်မံတိုက်တွန်းသည်။ ယမန်နှစ်က ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၄၇ ဦး အသတ်ခံခဲ့ရသည်ဟု IFJ က ပြောသည်။

နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း၏ စာရင်းမှတ်တမ်းများအရ ယခုနှစ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ပါကစ္စတန်ဂျာနယ်လစ်များ၏ အမည်များမှာ ဟက်စ်နီ ရှား၊ ဇီယာအူရ် ရာဟ်မန် ဖာရူခီ၊ အစ်ဖ်တီကာ အာမက်ဒ်၊ မိုဟာမက် ယောနစ်နှင့် ဆာဒက်ဖ် နာအီးမ် တို့ဖြစ်သည်။

ဂျာနယ်လစ်များ ဘေးကင်းလုံခြုံရေးနှင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုဆိုင်ရာ IFJ သဘောတူညီချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရန် အရေးကြီးလာကြောင်း ဖက်ဒရေးရှင်းက အခိုင်အမာ ပြောသည်။

“ဂျာနယ်လစ်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လွတ်လပ်မှုဆိုင်ရာ IFJ ကွန်ဗန်းရှင်းကို အထွေထွေညီလာခံမှာ အတည်ပြုဖို့ အချိန်ရောက်နေပါပြီ” ဟု IFJ ၏ အထွေထွေအတွင်းရေးမှူး အန်တိုနီ ဘယ်လန်ဂါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly