ပါကစ္စတန် ဘာလိုချီစတန်တွင် စာသင်ကျောင်းများ မီးရှို့ခံရမှုအပေါ် ကျောင်းသားလှုပ်ရှားမှု ကော်မတီက ဆန္ဒပြပွဲများ ပြုလုပ်မည်

By Latestly
20 December 2022
ပါကစ္စတန် ဘာလိုချီစတန်တွင် စာသင်ကျောင်းများ မီးရှို့ခံရမှုအပေါ် ကျောင်းသားလှုပ်ရှားမှု ကော်မတီက ဆန္ဒပြပွဲများ ပြုလုပ်မည်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် စာသင်ကျောင်းများ မီးရှို့ခံရသည့် ဖြစ်စဉ်များအပေါ် ဆန့်ကျင်သောအားဖြင့် လက်စ်ဘဲလာ၊ ကွက်တာနှင့် ကက်ချ်ခရိုင်တို့တွင် ဆန္ဒပြပွဲများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘာလိုချီစတန် ကျောင်းသားများ လှုပ်ရှားစည်းရုံးမှု ကော်မတီ (BSAC) က ကြေညာသည်။

စာသင်ကျောင်းများကို မီးရှို့သည့် လုပ်ရပ်က အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ပူးပေါင်းအကြံအစည်တစ်ခု ဖြစ်ကြောင်း BSAC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောပြီး ပညာရေးကို ဆန့်ကျင်သည့် လူပုဂ္ဂိုလ်များ ကြံစည်သော အဆိုပါ အကြံအစည်၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်က ဘာလို့ချ် လူငယ်များ၏ ပညာရေးအခွင့်အလမ်းကို ပိတ်ပင်ရန် ဖြစ်ကြောင်း ပြောသည်။

ဘာလိုချီစတန် ကျောင်းသားများ လှုပ်ရှားစည်းရုံးမှု ကော်မတီအနေဖြင့် အဆိုပါ ပူးပေါင်း အကြံအစည်ကို ဆန့်ကျင်ကြောင်း နိုင်ငံတကာ ဆွေးနွေးပွဲအားလုံးတွင် ဆန္ဒထုတ်ဖော်သွားမည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဘာလိုချီစတန်၏ ဧရိယာတချို့တွင် စာသင်ကျောင်းများ မီးရှို့ခံခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကက်ချ်ခရိုင်၏ ဘူလီဒါ အရပ်တွင် ကော့လ်ကာရှန် စာသင်ကျောင်း မီးရှို့ခံခဲ့ရပြီး ပက်စ်နီမြို့၏ ဝက်ဒ်ဆာ ဧရိယာတွင် မိန်းကလေး မူလတန်းကျောင်းတစ်ကျောင်း၏ အသုံးအဆောင်ပစ္စည်းတချို့ မီးရှို့ခံခဲ့ရသလို ရိတ်ခ်ပွတ်ရှ်တ် ဧရိယာ၌လည်း နောက်ထပ် မိန်းကလေးမူလတန်းကျောင်းတစ်ကျောင်းလည်း မီးရှို့ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly