ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေပြီး ဥပဒေစိုးမိုးရေး အခြေအနေ ယိုယွင်းနေ

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေပြီး ဥပဒေစိုးမိုးရေး အခြေအနေ ယိုယွင်းနေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ မြင့်တက်နေပြီး ပြီးခဲ့ သည့် နှစ်အနည်းငယ်အတွင်း တရားဥပဒေ စိုးမိုးမှု အခြေအနေက ယိုယွင်းဆိုးရွားနေခဲ့ကြောင်း မီဒီယာ သတင်းတစ်ပုဒ်ကို ကိုးကားပြီး Geo News က ဖော်ပြသည်။

ထိုပြည်နယ်တွင် ဩဂုတ်လလယ်နှင့် နိုဝင်ဘာလ၏ နောက်ဆုံးသီတင်းပတ်အကြား ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၁၁၈ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ရဲ ၂၆ ဦး၊ အခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများမှ အမှုထမ်း ၁၂ ဦးနှင့် အရပ်သား ၁၇ ဦးတို့ သေဆုံးခဲ့ကြောင်း တရားဝင် စာရင်းအချက်အလက်များအရ သိရသည်။

ပြည်နယ်တောင်ပိုင်းဒေသများအပြင် ပက်ရှာဝါနှင့် မာဒန်း ဒေသအပါအဝင် ခရိုင်ဒေသ အများအပြားတွင် မကြာ သေးခင်က တိုက်ခိုက်မှုများ မြင့်တက်ခဲ့ပြီးနောက် ပြည်နယ်တစ်ဝန်း ရဲများကို အထူးတပ်လှန့်ထားကြောင်း The News International မီဒီယာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းတစ်ပုဒ် ဖော်ပြသည်။

ရဲများအပြင် နိုင်ငံရေးသမားများသည်လည်း ခြိမ်းခြောက်ခံနေရသည်ဟု တိုင်တန်းထားကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Geo News က ဖော်ပြသည်။ ၎င်းတို့၏ နေအိမ်တချို့လည်း လက်ပစ်ဗုံးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံထားရသည်။

ဒီဇင်ဘာ ၁၁ ရက်ကလည်း အဝါမီ အမျိုးသားပါတီ (ANP) ၏ ပြည်နယ်ဥက္ကဋ္ဌ အီမဲလ် ဝါလီ ခန်းသည် သူ့အား လုပ်ကြံသတ်ဖြတ်မည့် လျှို့ဝှက်ကြံစည်ချက်တစ်ခုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဆမ်မာ ဘီလော်က ပြောသည်။ ထို့နောက် ANP ခေါင်းဆောင်အပေါ် ခြိမ်းခြောက် မှုများနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီက ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းကို တတ်နိုင်သမျှ ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required