ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုဖြေလျော့ပေးလိုက်သော်လည်း တရုတ်နိုင်ငံမှ ကုန်ပစ္စည်းထုတ်လုပ်သူများက ဆက်လက်စိုးရိမ်ပူပန်နေ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုဖြေလျော့ပေးလိုက်သော်လည်း တရုတ်နိုင်ငံမှ ကုန်ပစ္စည်းထုတ်လုပ်သူများက ဆက်လက်စိုးရိမ်ပူပန်နေ

တရုတ်တွင် ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာကို ရုပ်သိမ်းလိုက်ချိန်၌ ထုတ်လုပ်မှုကိုနှေးကွေးသွားစေနိုင်သော ဗိုင်းရပ်စ်ကူးစက်မှုပြန်လည် မြင့်တက်လာမှုကို ကြိုတင်ကာကွယ်ရေးအတွက် ကုန်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများက ကြိုးပမ်းနေကြသည်။

ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရေးအတွက် နှစ်နှင့်ချီ၍ ကျင့်သုံးခဲ့သော တင်းကျပ်သည့် ပိတ်ဆို့မှုများနှင့် မြို့အနှံ့စမ်းသပ်မှုများအပေါ် အခြေခံထားသည့် ကမ္ဘာအပြင်းထန်ဆုံးသော ကိုရိုနာဗိုင်းရပ်အစီအမံအချို့ကို ဒီဇင်ဘာ၇ရက်တွင် တရုတ်အစိုးရကရုပ်သိမ်းလိုက်သည်။

အစိုးရကဗိုင်းရပ်စ်ထိန်းချုပ်မှုကိုအပြည့်အဝမစွန့်လွှတ်သေးသော်လည်းယခုအခါအာဏာပိုင်များကရောဂါလက္ခဏာမပြသောလူနာများနှင့်ရောဂါလက္ခဏာမပြင်းထန်သူများကိုအစိုးရဌာနများထက်နေအိမ်တွင်သီးသန့်ခွဲထားခွင့်ပြုလိုက်သလိုအစုလိုက်အပြုံလိုက်ပိတ်ဆို့ခြင်းကိုလည်းဖယ်ရှားလိုက်သည်။

ကိုဗစ်အစီအမံများကိုဆန့်ကျင်ကန့်ကွက်မှုများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားပြီးနောက်ကန့်သတ်ချက်များဖြေလျှော့ပေးမှုကိုဒေါသထွက်နေသောဒေသခံများကကြိုဆိုခဲ့ကြသည်။

ထုတ်လုပ်သူများကမူဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာမည်ကိုစိုးရိမ်မှုကြောင့် ယခုဖြေလျှော့ခြင်းကို သတိထားလျက်ရှိကြသည်။

"ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့အတွက်စက်ရုံမှာအပြောင်းအလဲတချို့လုပ်ရတော့မှာဖြစ်ပြီးရောဂါကိုထိန်းချုပ်လို့မရတာ ကြောင့်ပိုခက်ခဲပါလိမ့်မယ်" ဟု လူသုံးအီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သူAgilian Technology ၏အမှုဆောင်အရာရှိချုပ်ဖာဘီယန်ကပြောကြားခဲ့သည်။

စက်ရုံဝန်ထမ်းများသည်နေ့စဉ်စမ်းသပ်မှုပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ရောဂါကူးစက်မှုများကြောင့်ရှန်းကျန့်တောင်ပိုင်းနည်းပညာအချက်အချာအနီးရှိစက်ရုံပိတ်လိုက်ရမည်ကိုစိုးရိမ်နေသောဖာဘီယန်ကပြောကြားခဲ့သည်။

“ဒါကိုအစိုးရကဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်နေပါတယ်”ဟု၎င်းကNikkei Asia သို့ပြောကြားခဲ့သည်။

ခရစ္စမတ်နှင့်အခြားပွဲတော်ဆိုင်ရာကုန်ပစ္စည်းများထုတ်လုပ်သည့်တခြားစက်ရုံပိုင်ရှင်တစ်ဦးကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ထုတ်လုပ်မှု နှေးကွးသွားမည်ကိုစိုးရိမ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required