တရုတ်၏ သြဇာအလွှမ်းမိုးမှုအခံရဆုံး ၈၂နိုင်ငံစာရင်းတွင် ပါကစ္စတန် ထိပ်ဆုံးတွင် ရပ်တည်နေ

တရုတ်၏ သြဇာအလွှမ်းမိုးမှုအခံရဆုံး ၈၂နိုင်ငံစာရင်းတွင် ပါကစ္စတန် ထိပ်ဆုံးတွင် ရပ်တည်နေ

တရုတ်၏ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးမှုတိုးချဲ့ခြင်းကိုတိုင်းတာသည့်လေ့လာမှုအသစ်တစ်ခုအရပါကစ္စတန် သည်ကမ္ဘာတွင်တရုတ်၏သြဇာလွှမ်းမိုးမှုအခံအရဆုံးနိုင်ငံဖြစ်ကြောင်းRadio Free Europe/ Radio Liberty က ဖော်ပြလိုက်သည်။

ထိုင်ဝမ်အခြေစိုက်သုတေသနအဖွဲ့အစည်းဖြစ်သည့် DoubleThink Labs က ဒီဇင်ဘာ၈ရက်တွင် ပြန်လည်စတင်လိုက်သည့် တရုတ်အညွှန်းကိန်းတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း၈၂နိုင်ငံစာရင်း၌ ပါကစ္စတန်က ထိပ်ဆုံးအဆင့်တွင်ပါဝင်နေပြီး နိုင်ငံခြား၊ပြည်တွင်းမူဝါဒ၊နည်းပညာနှင့် စီးပွားရေးနှင့်ပတ်သက်၍ တရုတ်ကို မှီခိုနေရကြောင်းဖော်ပြခဲ့သည်။

ပါကစ္စတန်နောက်တွင် ကမ္ဘောဒီးယားနှင့်စင်ကာပူတို့ကဒုတိယနေရာ၌ရှိနေပြီး ထိုင်းက တတိယနေရာတွင် တည်ရှိနေကြောင်းRadio Free Europe/Radio Liberty (RFE/RL) ကဖော်ပြခဲ့သည်။

ဖိလစ်ပိုင်ကအဆင့်၇နှင့်မလေးရှားကအဆင့်၁၀တွင်တည်ရှိနေပြီးတောင်အာဖရိကနှင့်ပီရူးကပဉ္စမနေရာတွင်ရှိနေသည်။

ကာဂျစ္စတန်နှင့်တာဂျစ်ကစ္စတန်တို့ကအညွှန်းကိန်းတွင်အဋ္ဌမနှင့်နဝမနေရာတွင်ရှိနေသည်။ယင်းနှစ်နိုင်ငံသည် တရုတ်ရှင်ကျန်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီးဗဟိုအာရှတွင် တရုတ်သြဇာလွှမ်းမိုးမှု အခံရဆုံးနိုင်ငံများ ဖြစ်သည်။

ဂျာမနီသည်ဥရောပတွင်အဆင့်၁၉နေရာတွင်ရပ်တည်နေပြီးအမေရိကန်ဦးဆောင်သည့်မြောက်အမေရိကအဆင့်၂၁တွင်ရှိနေကြောင်းအစီရင်ခံစာကဆိုသည်။

တရုတ်အညွှန်းကိန်းကိုပြုစုနေစဉ်တွင်သုတေသနအဖွဲ့သည်အဆင့်မြင့်ပညာရေး၊ပြည်တွင်းနိုင်ငံရေး၊စီးပွားရေးဆက်ဆံမှု၊နိုင်ငံခြားရေးမူဝါဒ၊စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊မီဒီယာ၊နည်းပညာနှင့်ယဉ်ကျေးမှုဆိုင်ရာချိတ်ဆက်မှုများအပါအဝင်ကမ္ဘာတစ်ဝန်းတွင်လွှမ်းမိုးမှုကိုစောင့်ကြည့်ရန်ကဏ္ဍ၉ခုကိုအာရုံစိုက်လေ့လာခဲ့သည်။

တရုတ်၏သြဇာလွှမ်းမိုးမှုဆိုင်ရာရှုထောင့်အမျိုးမျိုးအကြောင်းသတိပြုမိစေရန်အချက်အလက်ဘဏ်တစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်ကြောင်းRFE/RL နှင့်တွေ့ဆုံခန်းတွင်Doublethink Labs ၏ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်မင်စွမ်ဝူကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly