အစ္စရေးတွင် အမေရိကန်ခရီးသွားဧည့်သည်အား ပါလက်စတိုင်းတို့ သတ်ဖြတ်

အစ္စရေးတွင် အမေရိကန်ခရီးသွားဧည့်သည်အား ပါလက်စတိုင်းတို့ သတ်ဖြတ်

ဂျေရုဆလင်၊ မတ် ၉ ။             ။ အစ္စရေးနိုင်ငံ တဲလ်အဗစ်နှင့် ဂျေရုဆလင်တို့အနီး အစ္စရေးများအား ပစ်မှတ်ထားတိုက်ခိုင်မှုဖြစ်ပွားမှုတွင် အမေရိကန်ကမ္ဘာ့လှည့်ခရီးသွားတစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့သည်။

တေလာဖို့စ်အမည်ရှိ အမေရိကန်ဧည့်သည်သည် တဲလ်အဗစ်တောင်ပိုင်းရှိ ဂျက်ဖာအနီး တိုက်ခိုက်ရေးသမားတစ်ဦးက လူဆယ်ဦးအား ဓားဖြင့်လိုက်လံတိုက်ခိုက်မှုတွင် သေဆုံးခြင်းဖြစ်သည်။

အစောပိုင်းကလည်း အရှေ့ဂျေရုဆလင်တွင် အစ္စရေးရဲနှစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့သည်။ တဲလ်အဗစ်မြို့အနီးတွင်လည်း ဂျုးတစ်ဦး ဓားထိုးခံရသည်။

ထိုတိုက်ခိုက်မှု သုံးရပ်စလုံးက ပါလက်စတိုင်းများ ကျုးလွန်ခြင်းဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။ ထိုတိုက်ခိုက်သူများကိုလည်း ပစ်ခတ်သုတ်သင်လိုက်ကြောင်း ဆိုသည်။

ဂျက်ဖာအရပ် ဆိပ်ကမ်းနယ်မြေတွင် လူအများစုအား ဓားဖြင့်တိုက်ခိုက်သူ မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီး အခြားသူများကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများတွင် ငါးဦးက အခြေအနေစိုးရိမ်ရကြောင်း ဆေးရုံသတင်းရင်းမြစ်က ဆိုသည်။

ဓားထိုးခံရကာ သေဆုံးသူ အမေရိကန်ခရီးသွားဧည့်သည်သည် တန်နက်ဆီပြည်နယ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly