မန်ချက်စတာတွင်ဆန္ဒပြသူတစ်ဦးကို တိုက်ခိုက်ခဲ့သည့် တရုတ်သံတမန်၆ဦး ဗြိတိန်မှထွက်ခွာ

မန်ချက်စတာတွင်ဆန္ဒပြသူတစ်ဦးကို တိုက်ခိုက်ခဲ့သည့် တရုတ်သံတမန်၆ဦး ဗြိတိန်မှထွက်ခွာ

မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး၌ အကြမ်းဖက်မှုအပြီး၂လအကြာတွင် အကြီးတန်း သံတမန်တစ်ဦးအပါအဝင်အရာရှိ၆ဦးကိုတရုတ်က ဗြိတိန်မှပြန်ခေါ်လိုက်ခြင်းသည် ဗြိတိန်နှင့် တရုတ်ဆက်ဆံရေးကို ထိခိုက်စေသည့်နောက်ထပ်အချက်တစ်ခုဖြစ်လာကြောင်း Politico ကဖော်ပြလိုက်သည်။

ဆန္ဒပြသူတစ်ဦးကိုကောင်စစ်ဝန်ရုံးအတွင်းသို့ဆွဲသွင်းတိုက်ခိုက်ပြီးနောက်ကောင်စစ်ဝန်ချုပ်ကျန်းယိယန်အပါအဝင်မန်ချက်စတာမြို့အခြေစိုက်တရုတ်သံတမန်၆ဦးသည်တရုတ်သို့ပြန်သွားခဲ့ကြောင်းယင်းကိစ္စနှင့်နီးစပ်သူ၃ဦးက ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရကဒီဇင်ဘာ၁၄ရက်နောက်ဆုံးထားအကြောင်းပြန်ပေးရန်နှင့်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ပြောကြားထားသော်လည်း တရုတ်သံတမန်၆ဦးသည် တရုတ်သို့ပြန်လည်ထွက်ခွာသွားကြောင်းPolitico သတင်းတွင်ဖော်ပြထားသည်။

သံတမန်များထွက်ခွာသွားကြောင်းဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျိမ်းကလယ်ဗာရီကဒီဇင်ဘာ၁၄ရက်တွင်ကြေညာခဲ့သည်။တရားရင်မဆိုင်သည့်အတွက်စိတ်ပျက်မိကြောင်း၎င်းကပြောကြားခဲ့သည်။

“မန်ချက်စတာမှာရှိတဲ့တရုတ်ကောင်စစ်ဝန်ရုံးမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုကိုလက်မခံနိုင်ပါဘူး။တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာဖြစ်ခဲ့တဲ့စိတ်ပျက်စရာဒီအဖြစ်အပျက်ကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရပါတယ်။အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့တရားဥပဒေစိုးမိုးရေးကိုအခြေခံတဲ့လုပ်ငန်းစဉ်တစ်ခုကိုစတင်ခဲ့ပါတယ်”

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီးစုံစမ်းစစ်ဆေးမှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်အရာရှိ၆ဦးသည် သံတမန်ရေးအရ ကင်းလွတ်ခွင့်ရှိခြင်းကြောင့်၎င်းတို့ကိုစစ်ဆေးမေးမြန်းရန်တောင်းဆိုခဲ့သည်။

တောင်းဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့်တရုတ်အစိုးရသည်ကောင်စစ်ဝန်ချုပ်အပါအဝင်ယင်းအရာရှိများကိုဗြိတိန်မှပြန်လည်ခေါ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly