ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို သိနိုင်ရန် အချက်အလက်များ မျှဝေပေးရေး WHO အကြီးအကဲက တရုတ်ကို တောင်းဆို

ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို သိနိုင်ရန် အချက်အလက်များ မျှဝေပေးရေး WHO အကြီးအကဲက တရုတ်ကို တောင်းဆို

ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကိုနားလည်စေရေးအတွက် ကိုဗစ်-၁၉နှင့်ပတ်သက်သည့် တောင်းဆိုထားသော အချက်အလက်များကိုမျှဝေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲဂီဘရီယီစုက တရုတ်အစိုးရအား ဒီဇင်ဘာ၁၄ရက်တွင် တောင်းဆိုလိုက်သည်။

"ဒီဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကိုနားလည်နိုင်အောင် အချက်အလက်တွေကိုမျှဝေဖို့နဲ့ တောင်းဆိုထားတဲ့ လေ့ လာမှုတွေကိုပြုလုပ်ဖို့ တရုတ်ကို ဆက်လက်ပြောကြားထားပါတယ်" ဟုWHO အကြီးအကဲက သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားချက်ကို အဖွဲ့အစည်း၏ ဝက်ဘ်ဆိုဒ်တွင် ကိုးကား၍ဖော်ပြထားသည်။

"ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့သလိုပဲ အားလုံးကယူဆချက်အဆင့်ပဲရှိနေပါသေးတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ဝူဟန်မြို့တွင် စတင်ဖြစ်ပွားပြီးနောက် ၃နှစ်ကြာနေပြီဖြစ်သော်လည်းSARS-CoV-2သည် လူမှလူသို့ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါပိုးအဖြစ်စတင်ပေါ်ပေါက်လာပုံကို အတိအကျ မပြောနိုင်သေးဘဲ ဆွေးနွေးငြင်းခုံနေရဆဲဖြစ်သည်။

ကျွမ်းကျင်သူများက ဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်၍ သြဇာကြီးမားသည့် သီအိုရီ၂ခုကိုတင်ပြခဲ့သည်။ ပထမသီအိုရီမှာSARS-CoV-2သည်သဘာဝအတိုင်းတိရစ္ဆာန်မှလူသို့ကူးစက်မှုဖြစ်သည်။

ဒုတိယသီအိုရီမှာသုတေသနနှင့်ပတ်သက်သည့်အဖြစ်အပျက်တစ်ခု၏အကျိုးဆက်အနေဖြင့်ဗိုင်းရပ်စ်သည်လူကိုကူးစက်ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်အသစ်ကြောင့်လူပေါင်း၆ဒသမ၆သန်းကျော်သေဆုံးခဲ့ရခြင်းရှိမရှိဆုံးဖြတ်ရန် လအနည်းငယ်ကြာ တိုင်းWHO အဖွဲ့ဝင်များ တွေ့ဆုံကြပြီး နိုင်ငံတကာစိုးရိမ်ပူပန်သည့်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ(PHEIC) ကိုဆွေးနွေးနေကြဆဲဖြစ်သည်။

ကိုဗစ်-၁၉ကပ်ရောဂါကို၂၀၂၃ခုနှစ်တွင်ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်မသတ်မှတ်တော့ရန် မျှော်လင့်ကြောင်းWHO အကြီးအကဲကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required