တော်လှန်ရေးအဖွဲ့များ၏ ရန်ပုံငွေ ရရှိမှုကို ဖြတ်တောက်ရန် စစ်ကောင်စီ ကြိုးပမ်းမှုက လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ဟန့်တား 

တော်လှန်ရေးအဖွဲ့များ၏ ရန်ပုံငွေ ရရှိမှုကို ဖြတ်တောက်ရန် စစ်ကောင်စီ ကြိုးပမ်းမှုက လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ဟန့်တား 

ဒီဇင်ဘာလ ၂၀ ရက်

မြန်မာနိုင်ငံက တော်လှန်ရေးတပ်ဖွဲ့များသည် လူမှုမီဒီယာအားနှင့် အွန်လိုင်းတို့မှ ရန်ပုံငွေကြေး ရရှိအောင် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ပုံနှင့် စစ်တပ်ဆန့်ကျင်ရေး အဖွဲ့များအတွက် ရန်ပုံငွေ ရရှိမှုကို ဖြတ်တောက်ရန် စစ်အာဏာသိမ်းအုပ်စု စစ်ကောင်စီ၏ အားထုတ်မှုများသည် မြန်မာနိုင်ငံတွင်းသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ခြင်းကို သိသိသာသာ ဟန့်တားလျက်ရှိနေသည်ကို အစိုးရမဟုတ်သော အင်န်ဂျီအိုအဖွဲ့ Crisis Group က အစီရင်ခံစာသစ် ထုတ်ပြန်သည်။ 

အဆိုပါ အစီရင်ခံစာကို “စစ်ပွဲအတွက် လူထုရန်ပုံငွေ၊ မြန်မာတော်လှန်ရေး နောက်ကွယ်က ငွေကြေး” ဟူသော နာမည်ဖြင့် ယင်းအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ 

“မြန်မာ စစ်တပ်ကို တော်လှန်နေတဲ့ အုပ်စုတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ရန်ပုံငွေ အောင်အောင်မြင်မြင် ရရှိအောင် လူမှုမီဒီယာရဲ့ အားကို ထိန်းချုပ် အသုံးချနိုင်ကြတယ်၊ စစ်ကောင်စီကို ဆန့်ကျင်ပြီး တွန်းလှန်ဖို့အတွက် ခုလို ရှာဖွေနိုင်ကြတာ ဖြစ်တယ်၊ အရေးကြီးတာကတော့ စစ်ကောင်စီရဲ့ မျက်စိအောက်မှာပဲ နိုင်ငံအတွင်းနဲ့ နိုင်ငံပတ်လည်မှာ ဒီ ရန်ပုံငွေကြေးတွေကို ပေးပို့နိုင်စွမ်းကြတာ ဖြစ်တယ်၊ ဒါကို စစ်ကောင်စီက ရပ်တန့်နိုင်ဖို့အရေးကလည်း အလားအလာ အနည်းငယ်ပဲ ရှိတယ်”ဟု Crisis Groups မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေး တွမ် ကီယန်က ပြောသည်။ 

သို့ရာတွင် “စစ်ကောင်စီဟာ အဲဒီ ရန်ပုံငွေ ရရှိမှုကို ဖြတ်တောက်ဖို့အတွက် ကန့်သတ်တာတွေ လုပ်ဆောင်နေတာဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပေးပို့မှုအပေါ် အဓိက ရိုက်ခတ်နေတယ်”ဟု ၎င်းက သတိပေးသည်။  

ထိုအတွက်ကြောင့် လူသားချင်းစာနာထောက်ထားရေး အလှူရှင်များအနေဖြင့် “ဖြစ်နိုင်သမျှ ပြည်တွင်းမိတ်ဖက်များနှင့် တိုက်ရိုက်ဆက်ဆံ ပေးလှူပြီး အကူအညီပေးရေး လုပ်ငန်းများနှင့် သတင်းအချက်အလက် လိုအပ်မှုများတွင် ပို၍ ပြုလွယ်ပြင်လွယ် ရှိထားရန်” လုပ်ဆောင်ရမည်ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly