စမ်းချောင်း ပုသိမ်လမ်းထိပ် အမှိုက်ပုံအနီးတွင် ဗုံးတွေ့သည်ဟုဆိုကာ စစ်ကောင်စီက လမ်းပိတ်ဖောက်ခွဲ

စမ်းချောင်း ပုသိမ်လမ်းထိပ် အမှိုက်ပုံအနီးတွင် ဗုံးတွေ့သည်ဟုဆိုကာ စစ်ကောင်စီက လမ်းပိတ်ဖောက်ခွဲ

ဒီဇင်ဘာလ ၂၀ ရက်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဂွဈေးအနီး၊ ပုသိမ်လမ်းထိပ် အမှိုက်ပုံအနီးတွင် ယမန်နေ့ ဒီဇင်ဘာ ၁၉ရက် ည၈နာရီခန့်တွင် ဗုံးတွေ့ရှိသည် ဟုဆိုကာ စစ်ကောင်စီက လမ်းပိတ်၍ ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီ ခန့်က ဖျာပုံလမ်းရှိ ဒလန်ဟု ယူဆရသူတစ်ဦးနှင့် စည်ပင်ဝန်ထမ်းများ အဆိုပါ အမှိုက်ပုံအနီးတွင်ရှိနေပြီး ညပိုင်းတွင် ဗုံးတွေ့ရှိ သောကြောင့် PDF များထောင်သည့် ဗုံး မဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက် ပြုသည်။

"မနေ့ည ၈ နာရီဝန်းကျင်လောက် စမ်းချောင်း၊ ဂွဈေးနားက ပုသိမ်လမ်းထိပ် အမှိုက်ပုံမှာ ဗုံးတွေ့လို့ဆိုပြီး စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ လမ်းပိတ်ပြီး ခဏနေတော့ တာယာတွေခံပြီး ခွဲလိုက်ကြတာ။ ဒါဟာ ပြည်သူကို ထိခိုက်စေပြီး PDF တွေကို လွှဲချဖို့ပဲ။ အကြမ်းဖက်စစ်တပ်က နောက်ပိုင်း လုပ်ဇာတ်တွေ ပြုလုပ်နေတာကို သတိထားမိတယ်။ ပြည်သူများအနေနဲ့ လူများတဲ့နေရာတွေကို အသွားအလာ ဂရုစိုက်ဖို့ တော်တော် လိုပါမယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် PDF များအား လွှဲချရန်ရည်ရွယ်၍ ၎င်းတို့ကိုယ်တိုင် ဗုံးထောင်ကာ လုပ်ဇာတ်များ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ရန် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းက သတိပေးပြောကြားထားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly