ကန့်သတ်ချက်များမဖြေလျှော့ခင်ကတည်းကပင် ကိုဗစ်ကူးစက်မှုများပျံ့နှံ့နေပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပြောကြား

ကန့်သတ်ချက်များမဖြေလျှော့ခင်ကတည်းကပင် ကိုဗစ်ကူးစက်မှုများပျံ့နှံ့နေပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပြောကြား

တရုတ်တွင်ကိုဗစ်-၁၉ကန့်သတ်ချက်များကို အစိုးရက မဖြေလျှော့ခင်ကတည်းကပင် ကိုဗစ်ကူးစက်မှုများ ပျံ့နှံ့နေပြီးဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ၁၄ရက်တွင် ထုတ်ပြန်လိုက်သည်။

ဗိုင်းရပ်စ်ကိုနှိမ်နင်းရန်အစုလိုက်အပြုံလိုက်စမ်းသပ်မှုနှင့်သီးသန့်ခွဲထားမှုများကို ၃နှစ်ခန့်ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉မူဝါဒကိုရုတ်တရက်ဖျက်သိမ်းပြီးနောက်တရုတ်တွင်ရောဂါဖြစ်ပွားမှုများလျင်မြန်စွာမြင့်တက်လာကြောင်း တရုတ် တာဝန်ရှိသူများက သတိပေးခဲ့သည်။ "တရုတ်မှာဖြစ်ပွားနေတဲ့အလျှင်အမြန်ကူးစက်မှုတွေကကိုဗစ်ကန့်သတ်ချက်တွေကိုရုပ်သိမ်းလိုက်တာကြောင့်မဟုတ်ပါဘူး။တရုတ်မှာဖြစ်ပွားနေတဲ့အလျှင်အမြန်ကူးစက်မှုတွေကကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒမဖြေလျှော့ခင်အချိန်အတော်ကြာကတည်းကစတင်ခဲ့တာပါ" ဟုWHO အရေးပေါ်ဌာန အကြီးအကဲမိုက်ကယ်ရန်ကသတင်းထောက်များအားပြောကြားခဲ့သည်။

" တရုတ်က ကန့်သတ်ချက်တွေကို ရုတ်တရက ်ရုပ်သိမ်းလိုက်တာနဲ့ရောဂါကို မထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့အပြောမျိုးတွေကြားနေရပါတယ်" ဟုဂျီနီဗာရှိWHO ရုံးချုပ်တွင်၎င်းကပြောကြားခဲ့သည်။

“ရောဂါကအရှိန်အဟုန်ပြင်းပြင်းပြန့်ပွားရတာကတရုတ်ရဲ့ရောဂါထိန်းချုပ်ရေးအစီအမံတွေကရောဂါကိုမရပ် တန့်နိုင်လို့ပါ”

ကာကွယ်ဆေးလွှမ်းခြုံမှုနည်းပါးချိန်တွင်တားမြစ်ကန့်သတ်ချက်များကယခင်မျိုးကွဲများကိုထိန်းချုပ်နိုင်သကဲ့သို့လွန်ခဲ့သည့်တစ်နှစ်ခန့်ကစတင်ကူးစက်ခဲ့သည့်အိုမီခရွန်မျိုးကွဲကိုမထိန်းချုပ်နိုင်ကြောင်းရန်ကပြောကြားခဲ့သည်။

ကျွမ်းကျင်ပညာရှင်များကစီမံခန့်ခွဲမှုအားနည်းနေမှုကိုစိုးရိမ်နေသော်လည်းကိုဗစ်လျှင်မြန်စွာကူးစက်မှုနှင့်ရင်ဆိုင်နေရသည့်တိုင်တရုတ်ခေါင်းဆောင်များကယခင်မူဝါဒများကိုဆက်လက်ဆုပ်ကိုင်ရန်ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly