တရုတ်နိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့် တိဗက်အမျိုးသမီးများ ဖမ်းဆီးခံရ

တရုတ်နိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့် တိဗက်အမျိုးသမီးများ ဖမ်းဆီးခံရ

တရုတ်နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့်ပိတ်ဆို့ကန့်သတ်မှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့် တိဗက်အမျိုးသမီးငယ်၄ဦးကို တရုတ်ရဲများက ဖမ်းဆီးခဲ့ကြောင် မီဒီယာအသီးသီးကို ကိုးကား၍ Phayul သတင်းဝက်ဘ်ဆိုက်က ဖော်ပြလိုက်သည်။

ဖမ်းဆီးခံထားရသောအမျိုးသမီးများသည်ချန်ဒူမြို့၊ကျင်နူခရိုင်ရှိဟိုတယ်တွင်အလုပ်လုပ်နေသောကျောင်းသူများ ဖြစ်သည်။

"စီချွမ်ပြည်နယ်၊မြို့တော်ချန်ဒူမှာကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုဆန့်ကျင်တဲ့ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ခုမှာပါဝင်ခဲ့တဲ့တိဗက်အမျိုးသမီး၄ဦးဖြစ်တဲ့ဇန်ကာ၊ဒီချန်၊ကယ်ဆန်ဒိုလ်မာနှင့်ဒယ်ဟာတို့ကိုတရုတ်ရဲတွေကဖမ်းဆီးလိုက်ပါတယ်" ဟုသတင်းရင်းမြစ်တစ်ခုအားကိုးကား၍ Tibet Post ၏ ဖော်ပြချက်ကိုPhayul က ရေးသားခဲ့သည်။

အမျိုးသမီး၄ဦးစလုံးသည်အထက်တန်းကျောင်းတွင်အတူတူပညာသင်ကြားခဲ့ပြီးချန်ဒူးမြို့၌အလုပ်လုပ်ကိုင်နေကြသည်။

တရုတ်အာဏာပိုင်များကချမှတ်ထားသည့်တင်းကျပ်သောကန့်သတ်ချက်များကြောင့်ချန်ဒူးနှင့်အခြားမြို့များရှိ ဟိုတယ်များ ပိတ်ထားရသည်။

ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့မှုကြောင့်ဇန်ကာ၊ဒီချန်၊ကယ်ဆန်ဒိုလ်မာနှင့်ဒယ်ဟာတို့သည်ဒီဇင်ဘာ၁၂ရက်တွင်ဖမ်းဆီးခံခဲ့ရကြောင်းPhayulမှဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များသည်လာဆာမြို့မှတန်ဝမ်လာမိုအမည်ရှိတိဗက်အမျိုးသမီးငယ်တစ်ဦးကိုဖမ်းဆီးခြင်းအပါအဝင် အစိုးရကိုဆန့်ကျင်သည့် တက္ကသိုလ်များနှင့်မြို့များတွင် ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုဖမ်းဆီးခဲ့ကြောင်းPhayulကမီဒီယာအသီးသီးကိုကိုးကား၍ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required