ရုရှားနှင့်တရုတ်က ယခုသီတင်းပတ်တွင် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ရုရှားနှင့်တရုတ်က ယခုသီတင်းပတ်တွင် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ရုရှားနှင့် တရုတ်တို့သည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့ပြီး အရှေ့တရုတ်ပင်လယ်အတွင်း ဒုံးကျည်နှင့် အမြောက်ပစ်ခတ်မှုများ ပါဝင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ ရုရှားနှင့် တရုတ်နိုင်ငံအကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်သည်ဟု ဆိုသည်။

ရုရှားသည် ဖေဖေါ်ဝါရီလက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းတရုတ်နှင့် ၎င်း၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းခဲ့ပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို အနောက်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့တွင် အဓိက မဟာမိတ်အဖြစ် ရှုမြင်ထားသည်။

ရုရှားသည် ဖေဖော်ဝါရီက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံးကျူးကျော်စစ်မစတင်မီ ရက်ပိုင်း အလို၌ နှစ်နိုင်ငံသည် အကန့်အသတ်မရှိ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်က ယူကရိန်းအပေါ် ရုရှား၏လုပ်ရပ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင်နှစ်ဖက်စလုံးမှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပါဝင်ပျံသန်းမှုနှင့်အတူ Varyag ပဲ့ထိန်းဒုံးကျည်တပ်စစ်သင်္ဘောအပါအဝင် ရုရှားရေယာဉ် ၄ စင်းနှင့် တရုတ်ရေယာဉ် ၆ စင်းတို့လည်း ပါဝင်မည်ဖြစ်သည်။

ရုရှားစစ်သင်္ဘောများသည် ဒီဇင်ဘာ ၂၁ ရက်မှစတင်မည့် ရက်သတ္တ ၁ပတ်ကြာစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အရှေ့ဖျားဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက်တွင် ထွက်ခွာလာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly